Print

အူရှုံ့၍နာခြင်း (Intestinal Colic)

  27-Feb-2017
Preview Image

ချက်ပတ်လည် (သို့) ဝဲဘက်ဗိုက်ခြမ်းနာတတ်သည်မှာ အူသိမ် (သို့) အူမ (Colon) အရှုံ့လွန်၍ဖြစ်၏။ အလွန်နာ၏။ ညှစ်ထားသလိုနာ၏။ ဤသည်မှာဝမ်းကိုက်ဝမ်းလျော၍ဖြစ်စေ၊ ဝမ်းချုပ်၍ဖြစ်စေ၊ အစာအဆိပ်သင့်၍ ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်၏။ အမှန်က ဆရာဝန်ကို ပြသရမည်။ ဆရာဝန်မလာမီမှာ -

 

အရေးပေါ်ကုသမှု
(၁) အိပ်ရာပေါ်မှာလှဲနေပါ။
(၂) ဘာမှမစားပါနှင့်။
(၃) ဗိုက်ကိုရေနွေးအိတ်ကပ်ပါ။
(၄) ဗိုက်နာပျောက်ဆေးတစ်ခုခု ဥပမာ Buscopan တစ်ပြားတိုက်ပါ။ သို့မဟုတ် လျှာအောက်မှာထားပါ။
(၅) ဝမ်းလျှောပါက ဓာတ်ဆားရည်ဖျော်တိုက်နိုင်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် အရေးပေါ်ဆေးပညာ စာအုပ်မှကောက်နုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18