ခဏတာမေ့မြောခြင်း
27-Feb-2017
ခဏတာသတိလစ်ခြင်း၊ မေ့မြောခြင်းဖြစ်စေနိုင်သော အကြောင်းအရင်း များစွာရှိသည်။ များသောအားဖြင့် အန္တရာယ်ကြီးကြီးမားမားမဖြစ်တတ်ဘဲ သတိပြန်လည် လာလေ့ရှိ၏။ အကြောင်းရင်းမှာ စိတ်နှင့်များစွာပတ်သက်သည်။ သွေးကိုမြင်သောအခါ မူးမေ့ခြင်း၊ သတင်းဆိုးကြားရသောအခါ မူးမေ့ခြင်းတို့ဖြစ်၏။ ထိုအချိန်တွင် သွေးလှည်ပတ်မှုကို နာဗ်ကြောများထိန်းချုပ်ထားမှု ရုတ်တရက်ချွတ်ယွင်း ခြင်းကြောင့် ဤသို့ မူးမေ့ရခြင်းဖြစ်ပါသည်။
ဤသို့ဖြစ်ခြင်းမှာ လူပေါ်တွင်မူတည်ပြီး အချို့မှာ ဤသို့လုံးဝမဖြစ်တတ်ကြပေ။ မူးမိုက်ခြင်းဖြစ်ပါက လူနာ ခြေချောင်းများကို နှိပ်နယ်ပေးခြင်းဖြင့် ခြေထောက်သို့ လာသော သွေးစီးဆင်းမှုကို နှလုံးသို့ပိုမိုစီးဆင်းအောင် ပြုလုပ်ပေးသင့်ပါသည်။ ထို့အပြင် လူနာကို ပက်လက်အိပ်စက်ခိုင်းပါ။ ထိုသို့ဖြစ်နေချိန်တွင် ရေအတင်းသောက်ခိုင်းပါက အသက်ရှူ ပိတ်ဆို့စေနိုင်သဖြင့် ရှောင်ရှားသင့်ပါသည်။ လမ်းသွားနေစဉ်ဖြစ်ပွားပါက ချက်ချင်းထိုင်ချပြီးလျှင် ခေါင်းကို ဒူးခေါင်းနှစ်ခုကြားရောက်သည်ထိ ငုံထားရပါမည်။ တစ်ခါတစ်ရံတွင်မူ မူးမိုက်ခြင်းသည် ရောဂါတစ်ခု၏ လက္ခဏာအဖြစ် တည်ရှိတတ်သည်။
(ဥပမာ - သွေးအားနည်းရောဂါ၊ နှလုံးရောဂါ) သို့သော် ပူပြင်လွန်းခြင်း၊ စိတ်လှုပ်ရှားမှု များပြားခြင်းတို့ကြောင့် တစ်ခါတစ်ရံ မူးမိုက်တတ်သဖြင့် အထူးစိုးရိမ် စရာမလိုပေ။ အကယ်၍သာ အကြောင်းရင်းတစ်စုံတစ်ရာမတွေ့ရဘဲ မကြာခဏ မူးမိုက်နေပါက ဆရာဝန်ကိုပြသ၍ စစ်ဆေးမှုများ ခံယူသင့်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
