CARBON MONOXIDE POISONING (ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ႔အဆိပ်သင့်ခြင်း)
27-Feb-2017
ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ ့များ လေထုထဲတွင် အလွန်တရာ များပြားနေခြင်းကြောင့် အသက်ရှူလိုက်တိုင်း သွေးနီဥထဲတွင် ရှိသော အောက်ဆီဂျင်နှင့် လဲသလိုဖြစ်ကာ သွေးထဲတွင် ပမာဏ များလာခြင်းကို Carbon monoxide poisoning ဟုခေါ်သည်။
လက္ခဏာများ
ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ ့အဆိပ်သင့်ခြင်း ခံစားရလျှင် ခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို ့အောက်ဆီဂျင် ရောက်ရှိမှု နည်းသွားသည့်အတွက် အောက်ပါ လက္ခဏာများ ဖြစ်သော
. ခေါင်းကိုက်ခြင်း
. နုံးချိနေခြင်း
. မူးဝေခြင်း
. ပျို ့ခြင်း၊ အန်ခြင်း
. အသက်ရှူရ ခက်ခဲလာခြင်း
. အတွေးများ ဝေဝါးလာခြင်း
. အမြင်ဝါးလာခြင်း နှင့်
. သတိမေ့ခြင်းများ အထိ ခံစားရနိုင်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်း
ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ အဆိပ်သင့်သော အကြောင်းရင်းများမှာ လောင်စာသုံး စက်များ အသုံးပြုခြင်း၊ အိမ်တွင်း မီးသွေးသုံး၍ ကင်ခြင်းများ၊ မီးလောင်ရာတွင် ထွက်သော မီးခိုးငွေ ့များ ရှူမိခြင်းများ ဖြစ်ပါသည်။
နောက်ဆက်တွဲ ပြဿနာများ
ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ ့အဆိပ်သင့်ခြင်း၏ နောက်ဆက်တွဲ လက္ခဏာများ အနေဖြင့် ဦးနှောက် ရာသက်ပန် ပျက်စီးသွားခြင်း၊ နှလုံးကို ထိခိုက်၍ နှလုံးပြဿနာများ ဖြစ်လာခြင်းနှင့်အရမ်းဆိုးရွားလျှင် သေဆုံးခြင်းအထိပါ ဖြစ်စေနိုင်ပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ ့အဆိပ်သင့်ခြင်း ခံစားရသည်နှင့် တပြိုင်နက် အနီးဆုံး ဆေးရုံဆေးခန်းသို ့သွားရောက်ကာ ပြသရမည်ဖြစ်သည်။
ရောဂါ ရှာဖွေခြင်း
ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ ့အဆိပ်သင့်သည်ဟု သံသယရှိသည်နှင့် သွေးထဲတွင် Carbon monoxide ရှိမရှိ သိစေနိုင်ရန် သွေးစစ်ခြင်းများ လုပ်ဆောင်သင့်ပါသည်။
ကုသခြင်း
ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ ့အဆိပ်သင့်ခြင်းသည် အရေးပေါ် ဆေးကုသမှု ခံယူရန် လိုအပ်ပါသည်။ အရေးပေါ် ကုသမှုများအနေဖြင့် အောက်ဆီဂျင်ကို Mask/ Ventilator ဖြင့် ရှူခြင်းများဖြင့် ကုသနိုင်သည်။ အရမ်းဆိုးရွားသော အဆိပ်သင့်ခြင်းတွင်မူ သာမန်ထက် ၂ ဆ ၃ ဆ ပိုများသော အောက်ဆီဂျင် (Hyperbaric oxygen) ကို ရှူခြင်းဖြင့် နှလုံးနှင့်ဦးနှောက်ကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်ပါသည်။ အဆိပ်သင့်သော ကိုယ်ဝန်ဆောင်များတွင်လည်း Hyperbaric oxygen ဖြင့် ကုသခြင်းဖြင့် ကလေးကို ထိခိုက်ခြင်းကို သက်သာစေနိုင်ပါသည်။
ကာကွယ်ခြင်း
ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ ့အဆိပ်သင့်ခြင်းမှ ကာကွယ်နိုင်ရန်အတွက်
- အိမ်ထဲတွင် Carbon monoxide detector များ တပ်ဆင်ထားခြင်း
- ကားမထုတ်မီ ကားဂိုဒေါင်များကို ကြိုဖွင့်ထားခြင်း
- မီးခိုးခေါင်းတိုင်နှင့် ပိုက်လုံးများကို နှစ်စဉ် သန် ့ရှင်းရေး လုပ်ပေးခြင်း
- အဆိပ်သင့်ခြင်း ဖြစ်ပွားသောနေရာအား ပြန်လည်ပြင်ဆင် မွမ်းမံခြင်းများ ပြုလုပ်သင့်ပါ
သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Paing
Ref: Mayo clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
