အသက်ရှူ ကျပ်ခြင်း
27-Feb-2017အသက်ရှူကျပ်သည့် ဝေဒနာမှာ ခံစားရခက်သော ဝေဒနာတစ်ခုဖြစ်သည့်အပြင် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေတစ်ရပ်ကို ဖော်ညွှန်းနေသည်။ အသက်ရှူကျပ်ခြင်းကို ဖြစ်စေသည့် ကြောင်းရင်းဇာစ်မြစ်များကို ဗဟုသုတအဖြစ်ဖော်ပြပေးထားပါသည်။
• အဆုတ်သွေးလည်ပတ်အဖွဲ့၌ သွေးပမာဏ (ရေ/ ရှည်) များလွန်းခြင်း ရုတ်တရက်ဖြစ်ပေါ်မှု။
• ရုတ်တရက် ပြင်းထန်စွာဖြစ်သော ရင်ကျပ်ပန်းနာဝေဒနာ။
• နာတာရှည်အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုရောဂါ၏ ရုတ်တရက်အခြေအနေ ဆိုးလာခြင်း။
• အဆုတ်ဖုံးနှစ်လွှာကြား လေဝင်ခြင်း။
• အဆုတ်ရောင်ရောဂါ (နမိုးနီးယားရောဂါ)။
• ရုတ်တရက် အသက်ရှူခက်ခဲသော လက္ခဏာစု (Acute Respiratory Distress Syndrome)။
• တစ်စုံတစ်ခုသောပစ္စည်း အသက်ရှူလမ်းကြောင်းအတွင်း ကျသွားခြင်းနှင့် ပိတ်ဆို့ခြင်း။
• အဆုတ်သေးကျုံ့သွားခြင်း။
• လေအိုး၊ လေပြွန်ဖောရောင်ခြင်း (ဓာတ်မတည့်မှုပြဿ နာ)။
• နာတာရှည် နှလုံးလုပ်ငန်း ပျက်ယွင်းခြင်း။
• နှလုံးကြွက်သား ပျက်ယွင်းခြင်း။
• အဆုတ်နှင့်လေပြွန်ကင်ဆာ။
• အဆုတ်ရောဂါများ။
• အဆုတ်ဖုံးမြှေးနှစ်လွှာကြား ရေဝင်ခြင်း။
• သွေး၌ အက်စစ်ဓာတ် လွန်ကဲခြင်း (သွေးချိုဆီးချိုရောဂါ)။
• အဆုတ်အတွင်း လေဝင်လေထွက်ပမာဏ လွန်ကဲခြင်း။
• ဆိုးရွားပြင်းထန်သော သွေးအားနည်းခြင်း။
• အဝလွန်ကဲခြင်း။
အသက်ရှူကျပ်သည့် ဝေဒနာခံစားရပါက ဆေးပညာရှင် ဆရာဝန်နှင့် ပြသ၍ ကုသမှု ခံယူရပါမည်။ ပေါ့ပေါ့ဆဆနေခြင်းသည် အသက်အန္တရာယ် ဖြစ်စေနိုင်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးကျော်
ကျန်းမာရေးသတင်းနှင့် ဗဟုသုတများ စာအုပ်မှကောက်နုတ်ထားပါသည်။