အပူငုတ်ခြင်းနှင့် အပူရှပ်ခြင်း
27-Feb-2017
အပူငုတ်ခြင်း (heat Exhaustion)
ဖြစ်နိုင်သောအခြေအနေများမှာ နေပူထဲပြင်းထန်စွာ အလုပ်လုပ်ခြင်း၊ ရေလုံလောက်စွာ မသောက်ပဲ အလုပ်များများလုပ်ခြင်းနှင့် ပူသောပတ်ဝန်းကျင်တွင် လေ့ကျင့်ခန်းပြင်း ထန်စွာ လုပ်ခြင်းတို့ကြောင့်ဖြစ်ပါသည်။
လက္ခဏာများ
အလွန်အမင်းချွေးထွက်ခြင်း၊ အသားအရေဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ ရေငတ်ခြင်း၊ မောပန်း လွယ်ခြင်း၊ အသားအရေစိုစွတ်အေးစက်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ခါတစ်ရံ ဝမ်းလျောခြင်း၊ သွေးခုန်နှုန်းမြန်၍ အားနည်းခြင်း၊ ခနွာကိုယ်မှ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးခြင်းတို့ကို တွေ့ရပါသည်။
ပြုစုခြင်း
၁။ ရေပတ်တိုက်ခြင်းဖြင့် အပူချိန်ကိုချပါ။
၂။ အေးသောရေများများတိုက်ပါ။ (ဓာတ်ဆားရည်၊ အားဖြည့်အချိုရည်တိုက်ပါ)
၃။ လူနာအား လေကောင်းလေသန့်ရသော အရိပ်ထဲတွင်ထားပါ။
၄။ ဆေးရုံ၊ ဆေးခန်းသို့ပို့ပါ။
အပူရှပ်ခြင်း (Heat Stoke)
လက္ခဏာများ
အသားအရေနီမြန်ပြီး အလွန်အမင်းပူကာခြောက်သွေ့ခြင်း၊ ချွေးမထွက်ခြင်း၊ အဖျားကြီးခြင်း၊ (ကိုယ်အပူချိန်အမြင့်ဆုံး ရောက်နိုင်သည်) နှင့် တခါတရံ သတိလစ်ခြင်းကို တွေ့ရပါသည်။
ကုသခြင်း
၁။ အေးသောနေရာတွင် အိပ်ခိုင်းပြီး ခြေပိုင်းမြှင့်ပါ။
၂။ ရေအေး၊ ဓာတ်ဆားရည်တိုက်ပါ။
၃။ အဝတ်များကိုဖယ်ရှားပေးပါ။
၅။ မိနစ် ၃၀ အတွင်းလူနာအခြေအနေတိုးတက်မှု မရှိပါက ရေဆွတ်ထားသော ပုဝါနှင့် ဖုံးအုပ်၍ ဆေးရုံ၊ ဆေးခန်းသို့ပို့ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှ ကောက်နုတ်ထားပါတယ်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
