Rabies(ခွေးရူးပြန်ရောဂါ)
27-Feb-2017
Rabies ခွေးရူးပြန်ပိုးသည် အကောင်အကိုက်ခံရသောကြောင့် တံတွေးမှတဆင့် လူ၏ခန္ဓာကိုယ်ထဲသို့ ကူးစက်နိုင်သည်။ အကောင်ဟုဆိုရာတွင် လင်းနို့ ၊ခွေးအ ၊မြေခွေး ၊ Raccon ဝံ၊ skunks၊ ကြောင်၊ ပျံကျခွေးများကြောင့် ကူးစက်နိုင်ပါသည်။
ကူးစက်ပုံ
အကောင်ကိုက်ခြင်း၊ ကုတ်ခြင်း၊ ပေါက်ပြဲနေသည့်အရေပြားမှ ပိုးဝင်ခြင်း၊ ပါးစပ် သို့ မဟုတ် မျက်လုံးမှဝင်ရောက်နိုင်ပါသည်။ထို့အပြင် ရောဂါပိုးရှိသည့် အသားကိုစားခြင်းဖြင့်လည်း ကူးစက်နိုင်ပါသည်။ လူခန္ဓာကိုယ်အတွငး်သို့ ပိုးဝင်ရောက် သွားသည့်နေရာတွင်ပွားများပြီး အာရုံကြော တစ်လျှောက်သွားကာ ဦးနှောက်အပါအဝင် အခြားနေရာများသို ့ လျှင်မြန်စွာ ပျံ့နှံ့ပြီး ဒုက္ခပေးနိုင်သည်။
လက္ခဏာများ
ခွေးရူးပြန်ရောဂါကြောင့် ဖြစ်ပေါ်သည့်လက္ခဏာများသည် စစပေါ်ချင်းတွင် သိပ်မပြင်းထန်သော်လည်း ဆိုးရွားသည့်အခြေအနေကို လျင်မြန်စွာ ရောက်သွားနိုင်ပါသည်။ ဗိုင်းရပ်စ်ပိုးဝင်ပြီး ရောဂါလက္ခဏာပြချိန်မှာ တစ်ဦးနှင့်တစ်ဦး မတူညီပါ။ ၄ရက်မှ လချီ၊ နှစ်ချီ၍ ကွာခြားနိုင်သည်။ အကိုက်ခံရသောနေရာ သို့မဟုတ် ရောဂါပိုးဝင်သွားသောနေရာသည် ဦးနှောက်နှင့်နီးပါက ပို၍စောစောပေါ်နိုင်ပါသည်။ လက္ခဏာများမှာ-
- အကိုက်ခံရသည့်နေရာတွင် နာကျင်ခြင်း
- အဖျားကြီးခြင်း
- ရေကြောက်ခြင်း
- အလင်းကြောက်ခြင်း
- လေကြောက်ခြင်း
- ကယောင်ကတမ်းဖြစ်ခြင်း တို့ဖြစ်ပါသည်။
အထက်ပါ လက္ခဏာများ ဖြစ်ပေါ်ခြင်းသည် ၁ဝရက်ခန့် ကြာမြင့်တတ်ပြီး ထိုထက် ပို၍ဆိုးလာပါက အလွယ်တကူ စိတ်ဆိုးဒေါသဖြစ်ခြင်း၊ မြင်ချင်ရာမြင်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်လာခြင်း၊ သရေများထွက်လာခြင်းတို့ ဆက်၍ဖြစ်ပေါ်နိုင်ပါသည်။
အကိုက်ခံရပြီးလျှင်ပြုလုပ်သင့်သည့်အချက်များ
အကိုက်ခံရသည့်အနာကို-
- ဆပ်ပြာ၊ ရေနှင့် ဘုံဘိုင်ရေအောက်တွင် ၁၅ မိနစ်ခန့် ကြာအောင် စင်ကြယ်စွာ
ဆေးကြောပါ။
- ပိုးသတ်ဆေး (Antiseptic) သို့မဟုတ် အရက်ပျံဖြင့်ဆေးကြောပါ။
- အနာကို သန့်ရှင်းအောင်ထားပါ။
- အနာကို လုံသွားအောင် မချုပ်ရပါ။
- အနီးဆုံးဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားပြီး ကုသမှုခံယူရပါမည်။
နောက်ဆက်တွဲကုသခြင်းတွင် ဗိုင်းရပ်စ်ပိုး နှိမ်နင်းနိုင်သည့် ဓာတ်ထိုးခြင်း(Rabies immunoglobulin) နှင့် Rabies ကာကွယ်ဆေးထိုးခြင်းများ ပြုလုပ်ရပါမည်။
Vaccine ကာကွယ်ဆေးအမျိုးအစားများ
(1) human diploid cell vaccine (HDCV)
(2) purified chick embryo cell rabies vaccine (PCEC)
(3) nerve tissue vaccine
ပံ့ပိုးကုသမှုအပိုင်း
လူနာသည် အထက်ပါ လက္ခဏများပေါ်ပေါက်ပြီးပါက သေနိုင်ပါသည်။ လူနာခံစားနေရသည့် ဝေဒနာများကိုသက်သာအောင်ကုသပေးခြင်း၊ သက်တောင့်သက်သာရှိအောင်ထားခြင်းများ ပြုလုပ်ပေးရပါမည်။ ထိုရောဂါသည် လူတစ်ဦးမှတစ်ဦးဆီသို့ မကူးစက်တတ်ဟု စာအရဆိုသော်လည်း ကူးစက်ခံထားရသူနှင့် အနီးကပ်ထိတွေ့မှုရှိပါက post-exposure prophylaxis ကုသမှုကိုခံယူရပါမည်။
Rabies ဗိုင်းရပ်စ်ကာကွယ်ဆေး
ကူးစက်ခံရနိုင်ခြေရှိသောသူများ ကာကွယ်ဆေး ထိုးထားသင့်ပေသည်။Rabies ဗိုင်းရပ်စ် ရှာဖွေစစ်ဆေးရာတွင် ပြုလုပ်နေသော ဓာတ်ခွဲခန်းသမားများ၊ လင်းနို့များကို ကိုင်တွယ်ထိတွေ့နေရသူများ၊ တိိရစ္ဆာန်များနှင့်ထိတွေ့နေရသူူများ (တိရစ္ဆာန်ကု
ဆရာဝန်များ၊ တိရစ္ဆာန်ရုံတွင် အလုပ်လုပ်သူများ) တို့ကို ဆေးထိုးထားပေးသင့်ပါသည်။
ကာကွယ်ဆေးထိုးရမည့် အချိန်ကာလများမှာ 0,7 ,21or 28 ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပထမတစ်ခေါက်ထိုးပြီး ရရက်အကြာတွင် ဒုတိယတစ်ခေါက် ထိုးရမည်။ တတိယတစ်ခေါက်ကို ပထမထိုးပြီးသည့်၂၁ သို့မဟုတ်၂၈ရက်အကွာတွင် သုံးကြိမ်ပြည့်အောင်ထိုးရန် လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် မထိုးရပါ။ဆက်၍ ကူးစက်နိုင်မည့် အခြေအနေများရှိပါက ထိုးပြီးတစ်နှစ်ကြာလျှင်နဲ့ နောက်ထပ်
၅နှစ်ကြာလျှင် နှစ်ခေါက်ထပ်၍ ထိုးရန် လိုအပ်ပါသည်။
ကာကွယ်ဆေးထိုးပြီးခံစားရနိုင်သည့် လက္ခဏာများ
ဆေးထိုးထားသည် ့နေရာတွင် ၁ရက်၂ရက်တိုင်အောင် နီရဲရောင်ရမ်းခြင်းများရှိနိုင်ပါသည်။
- အနည်းငယ်ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- အန်ခြင်း
-အနီပြင်ထွက်ခြင်း တို့ ခံစားရနို်င်ပါသည်။ သို့သော် အသက်အန္တရာယ်စိုးရိ်မ်ရသည်အထိ မပြင်းထန်တတ်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:NHSchoices
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
