ကလေးများတွင်ဖြစ်သော G6PD
28-Feb-2017ဓာတ်ချို့တဲ့သောရောဂါနှင့် ရှောင်ကြဉ်ရမည့်အချက်များ
G6PD ဓာတ်ချို့တဲ့သောရောဂါဆိုသည်မှာ မျိုးရိုးလိုက်သောသွေးရောဂါတစ်မျိုးဖြစ်သည်။ သွေးနီဥတွင်ရှိသော G6PD အင်ဇိုင်းဓာတ်ချို့တဲ့သောကြောင့် သွေးနီဥလေးများပေါက်ကွဲရခြင်းဖြစ်သည်။ အောက်ပါအချက်များသည် G6PD ဓာတ်ချို့တဲ့သောကလေးများနှင့်မတည့်သောအရာများ၊ ရှောင်ကြဉ်ရမည့်အချက်များ ဖြစ်ကြပါတယ်။
- တောင်ကြီးပဲလှော်နှင့် ပဲတောင့်ရှည်မျိုးဖြစ်သောပဲများ
- ဆာလဖာ (Sulphur) ပါသောဆေးများ၊အစားအသောက်များ၊ပစ္စည်းများ
- ပရုတ်ပါဝင်သော အရာများ၊ပရုတ်ဖြင့်ပြုလုပ်ထားသောသွားတိုက်ဆေး၊သကြားလုံး၊ခံတွင်းသန့်စင်ရည်၊ငုံဆေးများ၊ပီကေများ
- အပြာရောင်ဆိုးဆေးသုံးထားသော အစားအသောက်များ ( သို့သော် သဘာဝအရောင်ရှိသော စပျစ်သီးနှင့် နနွင်းမှုန့်တို့သည် သွေးနီဥပေါက်ကွဲစေမှုမရှိပါ။)
- တချို့သော တရုတ်ဆေးဖက်ဝင်အပင်များ၊တရုတ်ဟင်းခတ်အမွှေးအကြိုင်များ
- Tonic Water၊ အရက်နှင့်စပ်သောက်ရသောကာဗွန်နှင့်Quinine ပါသောအရည်တစ်မျိုး
- ခါးသက်သော ဘူးသီး၊ဘူးရွက်၊ဘူးညွန့်များ
- လက်ဖက်စိမ်းရည်၊လက်ဖက်ရည်ကြမ်း
- ဗီတာမင် K ပါသောစားဆေး၊ထိုးဆေး
- အတုအပပြုလုပ်ထားသော ဗီတာမင်စီကြွယ်ဝလွန်းသည့် စားသောက်ကုန်များ၊ အားဆေးများ
- ငှက်ဖျားဆေးများ
- အချို့သောပိုးသတ်ဆေးများ
- အချို့သော အဖျားကျဆေး၊အကိုက်အခဲပျောက်ဆေးများ
- အချို့သောရောဂါများ (အအေးမိတုပ်ကွေးရောဂါ၊အသည်းရောင်ခြင်း၊ ဆီးချိုအတက်များခြင်း) တို့ပဲဖြစ်ကြပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Writer : Dr Toe
Credit : g6pddeficiency.org/wp/living