အိုင်အိုဒင်းချို့တဲ့မှု အန္တရာယ်များ
11-May-2017ကိုယ်ဝန်ဆောင်မိခင်များ အိုင်အိုဒင်းချို့တဲ့လျှင်
• ကိုယ်ဝန်ပျက်ကျတတ်သည်။ ကလေးအသေမွေးတတ်သည်။
• လမစေ့၊ ပေါင်မပြည့်သော ကလေးအသေမွေးတတ်သည်။
• ဆွံ့အနားမကြားသော ကလေး၊ ခြေလက်မသန်စွမ်းသော ကလေးမွေးတတ်သည်။
• ဉာဏ်ရည်နိမ့်သောကလေး မွေးတတ်သည်။
ကလေးငယ်များ အိုင်အိုဒင်း၊ ချို့တဲ့လျှင်
• ပုံမှန်မကြီးထွားပဲ အရပ်ပုနေမည်။
• ဉာဏ်ထိုင်းမည်၊ သွက်လက်ဖြတ်လတ်မှု မရှိ၊ ထုံထိုင်းနှေးကွေးမည်။
• လည်ပင်းကြီးရောဂါ ဖြစ်မည်။
လူကြီးများ အိုင်အိုဒင်းချို့တဲ့လျှင်
• လည်ပင်းကြီးရောဂါ ဖြစ်မည်။
• သွက်လက်ဖြတ်လတ်မှုမရှိ ထုံထိုင်းနှေးကွေးမည်။
Credit:
Unicef