ခွဲစိတ်ပြီးစ လူနာများ အစာနဲ့ရေ ဘယ်အချိန်ပြန်စား၊ သောက်လို့ရမလဲ
16-Apr-2020
ခေတ်အလိုက် ပြောင်းလဲနေတဲ့ တွေ့ရှိချက်တွေ၊ သုတေသနပြုလုပ်ချက်တွေအရ ခွဲစိတ်ပြီး ခွဲခန်းထဲကထွက်လို့ ၃ - ၄ ရက်ကြာမှ (သို့) အူလှုပ်ရှားသံကြားမှ (သို့) လေလည်မှ အစာစားနိုင်တယ်ဆိုတဲ့ အယူအဆကနေ ခွဲခန်းထဲက ထွက်လို့ သတိကောင်းကောင်းလည်တာနဲ့ စောနိုင်သမျှ စောစော ၂၄ နာရီအတွင်း အစာတွေ၊ ရေတွေ ဖြည်းဖြည်းချင်းပြန်စား၊ သောက်လို့ရတယ်ဆိုတဲ့ အယူအဆကို ရောက်လာကြပြီဖြစ်ပါတယ်။
ဒါကြောင့် ခွဲစိတ်ပြီးစ ၂၄ နာရီအတွင်း ပါးစပ်မှ အစာစားစေတာနဲ့ အူလှုပ်ရှားသံကြားမှ (သို့) လေလည်မှ အစာစားခွင့်၊ ရေသောက်ခွင့်ပေးခြင်းရဲ့ အကျိုးအပြစ်တွေကို ချိန်ထိုးနှိုင်းယှဉ်ကြည့်ကြရအောင်ပါ။
ခွဲစိတ်ပြီးနောက် အူလှုပ်ရှားသံကြားမှ (သို့) လေလည်မှ အစာစားစေခြင်း
ဒီလိုပြုလုပ်ရတဲ့
အယူအဆရဲ့ ရည်ရွယ်ချက်ကတော့ အကယ်၍များ အူကိုင်ထားတဲ့ ခွဲစိတ်မှုလုပ်ထားရင် အူကို အနားပေးဖို့၊
Peritoneum က ဝမ်းဗိုက်အမြှေးပါးဖွင့်ထားတဲ့ ခွဲစိတ်မှုမို့လို့၊ နောက်တစ်ကြိမ်လိုအပ်ရင်
ခွဲစိတ်ခန်း ပြန်ဝင်ရရင် အဆင်သင့်ဖြစ်နေအောင်လို့ စသဖြင့် ရည်ရွယ်ကြပါတယ်။
အူလှုပ်သံမကြားရခင်
(သို့) လေမလည်ခင်ကာလမှာ ဘာအဖတ်မှ ပေးမစားဘဲ D/S, N/S, D/W, R/L စတဲ့ သကြားရည်၊ ဆားရည်တွေကိုသာ
သွေးကြောက သွင်းလေ့ရှိတာကြောင့် ပြန်ပြီး နာလန်ထဖို့ အားအင်ပြည့်ဖို့ အချိန်ပိုကြာနိုင်ပါတယ်။
အမှန်ကတော့ ပါးစပ်ကမစားနိုင်ရင် အမိုင်နိုအက်ဆစ်ပရိုတင်းဓာတ်များ၊ Electrolytes များကို
ပင်မသွေးကြောမကြီးထဲသို့ ပိုက်ပျော့ဖြင့် တစ်ဆင့် ထည့်သွင်းအာဟာရဖြည့်နိုင်မှသာ ခွဲစိတ်ပြီး
လူနာအနေနဲ့ မြန်မြန်ပြန်နာလန်ထူနိုင်မှာ ဖြစ်ပါတယ်။
ခွဲစိတ်ပြီး ၂၄ နာရီအတွင်း ပါးစပ်မှ အစာစား၊ အရည်သောက်ခိုင်းခြင်း
ခွဲစိတ်ပြီး ၂၄
နာရီအတွင်း လူနာကို အစာကျွေးနိုင်တယ်ဆိုရင် ခုနက ဆားရည်၊ သကြားရည်တွေ ပုလင်းချိတ်သွင်းနေစရာမလိုတော့တာကြောင့်
သွေးကြောမှတစ်ဆင့် ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ပြီးသားဖြစ်သလို လူနာကိုယ်တိုင်က
အစာစားချင်စိတ်ရှိခဲ့မယ်ဆိုရင် သူ့ဆန္ဒလည်း ပြည့်ဝပြီး ရောဂါပြန်သက်သာဖို့အတွက် စိတ်အားဖြင့်ပါ
ဆွဲဆောင်မှုဖြစ်စေပါတယ်။ အူလမ်းကြောင်း(သို့) အစာအိမ်ကို ကိုင်တွယ်ခွဲစိတ်ထားတာမဟုတ်ဘူး၊
တခြားနေရာကို ခွဲစိတ်ထားတာလည်းဖြစ်တယ်၊ မေ့ဆေးပေးထားတဲ့လူနာဆိုရင် သူ သတိကောင်းကောင်းရတာနဲ့
ရေ (သို့) အရည်ကျဲကျဲ ကြည်ကြည်တိုက်နိုင်ပြီးနောက် ၂ နာရီ၊ ၃ နာရီလောက်နေရင်တော့ အဖတ်ပါ
ထည့်ကျွေးနိုင်ပါပြီ။ ရှေ့မှာ ပြောခဲ့သလိုပဲ အရင်တုန်းကတော့ အစာကျွေးဖို့ကို အချိန်ယူခဲ့ကြပေမယ့်
အခုနောက်ပိုင်းမှာ အတတ်နိုင်ဆုံး ပါးစပ်က အမြန်ပြန်စားနိုင်အောင် ကြိုးစားနေကြပါပြီ။
ဒါဟာ လူနာအတွက်လည်း Recovery ပိုကောင်း၊ ပိုမြန်စေသလို ကုန်ကျစရိတ်လည်း သက်သာစေပါတယ်။
လူနာတွေအနေနဲ့ကတော့ မိမိကို ခွဲစိတ်တဲ့ဆရာဝန်၊
မေ့ဆေးပေးတဲ့ဆရာတွေ ညွှန်ကြားတဲ့အတိုင်းသာ လိုက်နာဆောင်ရွက်ဖို့သာ ရှိပါတယ်။ သူတို့က
‘စားလို့ ရပြီ’ ဆိုတာနဲ့ ရဲရဲကြီး စားနိုင်၊ သောက်နိုင်ပါတယ်။ နည်းနည်းစီ စမ်းစားပြီးမှ
တဖြည်းဖြည်းချင်း ပမာဏတိုးစားလို့လည်း ရပါတယ်။
Credit : ဒေါက်တာ ရှင်းသန့်ဖြူ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
