Print

ဦးနှောက်အတွင်း သွေးကြောများ ပေါက်ခြင်းကြောင့် ဖြစ်ပွားရသော လေဖြတ်ရောဂါ...

  06-Jun-2020
Preview Image

          လေဖြတ်ရောဂါဖြစ်ပွားရသည့်အနက် ၂၀ ရာခိုင်နှုန်းခန့်သည် ဦးနှောက်အတွင်း သွေးကြောများပေါက်ပြဲ၍ သွေးများယိုစိမ့်ခြင်းကြောင့် ဖြစ်ပွားရသည်။

          သွေးပေါင်ချိန် မြင့်တက်ခြင်းကြောင့်လည်းကောင်း ပုံမှန်မဟုတ်သော သွေးကြောငယ်များ အစုအဝေးဖြစ်ပေါ်၍ ဦးနှောက်အတွင်းရှိ သွေးကြော၏ အင်အားနည်းသော အစိတ်အပိုင်းနေရာတွင် ဘူဘောင်းကဲ့သို့ ဖြစ်စေပြီး ၎င်းနေရာမှ သွေးကြောပေါက်ကွဲမှုကို ဖြစ်ပေါ်ခြင်းဖြင့် (Stroke Haemorrhagic) ကို ဖြစ်ပေါ်ခံစားရစေသည်။

          Stroke Haemorrhagic အားအောက်ပါအတိုင်း အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။


Subrachnoid Haemorrhage

          ဦးနှောက်ပတ်ဝန်းကျင်ရှိ သွေးလွှတ်ကြောမကြီးတစ်ခုပေါက်ကွဲရာမှ သွေးများသည် ဦးနှောက်အနီးပတ်ဝန်းကျင် ဧရိယာအတွင်း ပျံ့နှံ့ဝင်ရောက်ပြီး၊ ဦးနှောက်တစ်ခုလုံးအား သွေးများရောနှောပါဝင်သော အရည်များဖြင့် ဝိုင်းရံထားသည့်အခြေအနေမျိုးသို့ ဆိုက်ရောက်စေသည်။


Intracerebral Haemorrhage

          ဦးနှောက်အတွင်းရှိ သွေးကြာငယ်များ သွေးယိုစိမ့်ရာမှ ဖြစ်ပွားခြင်းဖြစ်သည်။ သွေးတိုးရောဂါနှင့် သွေးပေါင်ချိန်မြင့်တက်ခြင်းတို့သည် သွေးကြောငယ်များ သွေးယိုစိမ့်မှု၏ အဓိကလက်သည် တရားခံပင်ဖြစ်သည်။


လေဖြတ်ရောဂါ၏ လက္ခဏာများ

-       မျက်နှာ၊ ခြေ၊ သို့မဟုတ် လက်တို့တွင် ရုတ်တရက်ထုံခြင်း၊ အားနည်းခြင်း၊ ထိုကဲ့သို့ခံစားရာတွင် ခန္ဓာကိုယ်တစ်ခြမ်း၌သာ ခံစားရခြင်း၊

-       အကောင်းပကတိမှ ရုတ်တရက်စကားပြောရန် သို့မဟုတ် တစ်ပါးသူပြောသည်ကို နားလည်ရန်ခက်ခဲခြင်း

-       ရုတ်တရက် လမ်းလျှောက်ရန်ခက်ခဲခြင်း၊ မူးဝေခြင်း၊ ခန္ဓာကိုယ်ဟန်ချက်ထိန်းရန် ခက်ခဲခြင်း

-       ရုတ်တရက်အမြင်မှုန်ဝါးခြင်း၊ မျက်စိတစ်ဖက်၊ သို့မဟုတ် နှစ်ဖက်စလုံး မြင်ရန်ခက်ခဲခြင်း

-       ရုတ်တရက် အမြင်မှုန်ဝါးခြင်း၊ မျက်စိတစ်ဖက်၊ သို့မဟုတ် နှစ်ဖက်စလုံးမြင်ရန် ခက်ခဲခြင်း

-       ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း

မိမိ၏မိတ်ဆွေ သို့မဟုတ် ဆွေမျိုးသားချင်းတစ်ဦးဦးသည် အထက်ဖော်ပြပါ ရောဂါလက္ခဏာများခံစားနေရပါက လေဖြတ်ဝေဒနာ ခံစားရတော့မည်ဖြစ်၍ လေဖြတ်ရောဂါအတွက် အရေးပေါ်ဆောင်ရွက်ပေးသော ဌာနသို့ အမြန်ဆက်သွယ်အကူအညီတောင်းခံရန် လိုအပ်သည်။ နှောင့်နှေးကြန့်ကြာမှုရှိပါက ဝေဒနာခံစားရသူအနေဖြင့် အလျင်အမြန် နာလန်ထရန် အခွင့်အရေးများ ဆုံးရှုံးရမည် ဖြစ်သည်။

Credit : အောင်ဇင်



Related Articles


Advertisment 18