မျက်စိထဲ ဓာတုပစ္စည်း ၀င်ပါကပြုစုနည်း
30-Oct-2016
အရင်ဆုံးမျက်စိထဲ ၀င်နေသော ဓာတုဆေးရည်များကို ဆေးကြောပစ်ပါ။ သင့်မျက်စိ၊ ပါးစပ်ထဲ မဝင်အောင်လည်း ဂရုစိုက်ပါ။ မျက်လုံးကို ဆေးပြီးသားရေများ လွတ်ရာကင်းရာသို့ စီးဆင်းသွားပါစေ။
(၁) တစ်ခါသုံး ရော်ဘာလက်အိတ် လွယ်ပါကစွပ်ထားပါ။ လူနာကို ဓာတုဆေးရည် ၀င်သွားသော ဘက်သို့ ခေါင်းစောင်းလျက်နှင့် ဘုံပိုင်ခေါင်း အောက်တွင်ထားကာ ထိုမျက်လုံးကို ရော်ဘာလက်အိတ် စွပ်ထားသော လက်ဖြင့်ဖြဲထားပြီး ဘုံပိုင်ရေနှင့် ၁၀ မိနစ်ကြာတောက်ေျာက် လောင်းချထားပါ။ သို့မှသာ ဆေးရည်ကို ဆေးပေးနေသောရေဆိုးများ ကျန်မျက်လုံး အကောင်းဘက်သို့ ရောက်မသွားနိုင်ပါ။ မျက်စိနှစ်လုံးထဲသို့ခေါင်းကို စောင်းငဲ့ပေးကာ မျက်လုံးကို ဘုံပိုင်ရေနှင့် သေသေချာချာ ဆေးပစ်ပါ။
(၂) အကိုက်အနာ သက်သာသွားသည်နှင့် အဝတ်ခေါက်သန့်သန့် (သို့) ပိုးသန့်ထားသော ပတ်တီးခေါက်ဖြင့် ထိခိုက်သော မျက်လုံးကို အုပ်ထားပြီး ကာယကံရှင်အား သာသာဖွဖွ ကိုင်ခိုင်းထားပါ။ ပြီးမှ ပတ်တီးစည်းပါ။ ပတ်တီး မတင်းစေရ။ ပတ်တီး မလျော့မတင်း စည်းပြီးပါက ဆေးရုံပို့ပါ။ ဖြစ်နိုင်ပါက မျက်စိထဲ ၀င်သွားသော ဓာတုဆေးရည်ပုလင်း၊ တံဆိပ်ပတ်၊ စသည်တို့ကိုပါ တစ်ပါတည်း ယူသွားပါ( အိမ်သားသမားတော် စာအုပ်မှကောက်နုတ်ထားပါသည်။ )
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

