သဘာဝဘေးအန္တရာယ်အပြီး ကိုယ်ဝန်ဆောင် စိတ်ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက...
12-Jun-2025
သဘာဝဘေးအန္တရာယ်အပြီး ကိုယ်ဝန်ဆောင် စိတ်ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်မလဲ?
ငလျင်လှုပ်တာ၊ ရေကြီးတာ၊ မုန်တိုင်းတိုက်တာ စတဲ့သဘာဝဘေးတွေကြုံတွေ့ရတဲ့အခါ ကိုယ်ဝန်ဆောင်တွေဟာ အခြားလူတွေထက်ပိုပြီး စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ကြရပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမှာ စိတ်ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်ကြမလဲဆိုတာပြောပြပေးပါမယ်။
၁။ ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်တာ၊ စိတ်လှုပ်ရှားတာ၊ ဝမ်းနည်းတာ၊ စိတ်ဆတ်တာတွေဖြစ်နေနိုင်ပါတယ်။ ဒီလိုခံစားချက်တွေဖြစ်နေကြောင်း သိနေပေးပါ။ လက်ခံပေးပါ။
၂။ မိမိရဲ့စိတ်ခံစားချက်ကို မိသားစု၊ ခင်ပွန်း၊ ယုံကြည်ရတဲ့မိတ်ဆွေ၊ သူငယ်ချင်းများကို ပြောပြရင်ဖွင့်ပါ။
၃။ သတင်းစကား/Information တွေကိုလိုအပ်တာထက်ပိုပြီး မကြည့်မိဖို့ Breaktime /အကန့်အသတ်လေးထားပေးပါ။
၄။ အခြားကိုယ်ဝန်ဆောင်များနဲ့လည်း အချင်းချင်း ခံစားချက်မျှဝေပေးပါ။
၅။ စိတ်တည်ငြိမ်စေဖို့ စာအုပ်ဖတ်တာ၊ တေးဂီတ နားထောင်တာ၊ တရားထိုင်တာ၊ ကိုးကွယ်ရာ ဘာသာရေးလုပ်တာ စသဖြင့် လုပ်ပေးပါ။
၆။ အထက်ပါနည်းလမ်းလေးတွေကြိုးစားလုပ်ကြည့်ပြီးလို့ စိတ်တည်ငြိမ်အေးချမ်းမှု မရသေးဘူးဆိုရင်တော့ စိတ်ကျန်းမာရေးဆွေးနွေးပေး
မယ့် ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင်ပါ။
Dr.SSH

