ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် ဖြေဆေး
30-Oct-2016ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် ဖြေဆေး
သင့်ခန္ဓာကိုယ်က ချွေးနံ့ထွက်၊ ခံတွင်းနံ့နံနေလို့ စိတ်ဒုက္ခရောက်နေလား??
Hygiene
- ချွေးနံ့မနံချင်ရင် ခံတွင်းနံ့မနံချင်ရင် တကိုယ်ရည်သန့်ရှင်းရေးကိုတော့ ဂရုစိုက်ရမှာပေါ့။
- သွားကို မနက်တကြိမ် ညတကြိမ် မှန်မှန်တိုက်၊ အစာစားပြီးတိုင်း ပလုတ်ကျင်းရင်တော့ ခံတွင်းက နံတာသက်သာသွားလိမ့်မယ်နော်။
- ချွေးနံ့တွေအတွက်ကတော့ နေ့တိုင်း ရေမှန်မှန်ချိုးပါ။
- ရေချိုးတယ်ဆိုရုံလေး ရေပဲချိုးလို့ မရသေးဘူး။
- ခန္ဓာကိုယ်က ချွေးတွေ ဂျီးတွေသန့်စင်ဖို့ သင့်တော်တဲ့ဆပ်ပြာ သို့့မဟုတ် ဆပ်ပြာရည်ကိုလည်း သုံးပါ။
- ချွေးထွက်များတဲ့ နေရာတွေဖြစ်တဲ့ ရင်သားအောက်၊ ချိုင်းတွေ၊ ပေါင်ခြံတွေနဲ့ ခြေဖဝါး၊ ခြေချောင်းကြား တွေကို သေချာသန့်စင်ပေးဖို့ မမေ့နဲ့နော်။
- ပြီးတော့ ဘက်တီးရီးယားတွေ ခိုအောင်းပေါက်ဖွားနေနိုင်တဲ့ ဂျိုင်းမွှေးတွေကိုလည်း ပုံမှန်ဖယ်ရှားပေးပါ။
Reduce Sweating
- ချွေးထွက်များတဲ့သူတွေဟာ ချွေးနံ့နံတယ်ဆိုတာမဆန်းပါဘူး။
- တကယ်လို့ သင်ချွေးထွက်များတာဟာ အားကစားလုပ်ပြီးချိန်တွေမှာပဲဆိုရင်တော့ မစိုးရိမ်နဲ့နော်။
- လူတိုင်းက အဲ့ဒီအချိန်ချွေးန့ံနံတာ သိပါတယ်။
- အားကစားတူတူလုပ်တဲ့သူတွေကြားမှာဆိုရင်တော့ သူများချွေးနံ့တွေနဲ့ ရောပြီး ကိုယ့်ချွေးနံ့က မသိသာနိုင်ဘူးလေ။ :D
- ချွေးထွက်တာက အလုပ်ကစိတ်ဖိစီးမှု၊ စာမေးပွဲကစိတ်ဖိစီးမှုတွေကြောင့်လဲ ဖြစ်တတ်ပါတယ်။
- ချွေးထွက်အရမ်းများပြီး ချွေးနံ့နံတတ်သူတွေက ချွေးထွက်နည်းစေတဲ့ အယ်ကိုဟောမပါတဲ့ Antiperspirant Roll On တွေ သုံးပေးလို့ရတယ်နော်။
- ချွေးထွက်ခြင်းကိုအားပေးတဲ့ ရှုးရှုးရှဲရှဲ ပူပူလောင်လောင်အစားအစာတွေကိုတော့ ရှောင်ပေါ့။
- ပြီးတော့ ချွေးထွက်အရမ်းများတဲ့သူတွေဟာ ပွပွချောင်ချောင် ချည်သားလေးတွေ ၀တ်ပါ။
- တရက်ကို ရေ ၂ ကြိမ် ၃ ကြိမ် ချိုးပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။
- ရေချိုးတဲ့အခါ ချိုင်းကို ကျောက်ချဉ်နဲ့ ပွတ်ပေးတာ၊ ရေချိုးပြီးရင် ချိုင်းကို ထုံးရည်ကြည်လေး ပွတ်ပေးတာကလည်း ချိုင်းချွေးနံ့ သက်သာစေနိုင်တယ်နော်။
Keep Clothes Dry and Clean
- အဝတ်အစားတွေကို နေ့တိုင်းမှန်မှန်လဲပါ။
- အတွင်းခံတွေကိုလည်း နေ့တိုင်း လျှော်ပေးရမယ်နော်။
- ပြီးတော့ အဝတ်အစားတွေကို အဝတ်တွေကိုချိတ်ဆွဲနိုင်တဲ့ ဗီရိုထဲမှာ ချိတ်ပြီးထားရင် အကောင်းဆုံးပဲနော်။
- အဝတ်တွေကို အမြဲခြောက်သွေ့နေစေပြီး ဘက်တီးရီးယားပိုးတွေကိုလည်း သေစေနိုင်တယ်လေ။
Wash Hand
- လက်ဆိုတာက ဟိုကိုင်ဒီကိုင်နဲ့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့နိုင်မှု အများဆုံးပဲလေ။
- လက်ကို ခဏခဏ ဆေးပေးပါ။
- တစ်နေ့ကို အနည်းဆုံး သုံးကြိမ် လေးကြိမ်လောက်တော့ လက်ဆေးသင့်တယ်နော်။
Choose Right Food
ခံတွင်းနံ့တွေ ချွေးနံ့တွေနံတတ်ရင်တော့ စားချင်တာစားလို့ မရဘူးနော်။
- အစားအစာကို ရွေးချယ်စားသုံးပါ။
- ချွေးနံ့ဟာ ခန္ဓာကိုယ်က အစာချေဖျက်ပြီး ထွက်လာတာတွေနဲ့ ဆိုင်တယ်လေ။
- အဲဒီတော့ ကိုယ့်ရဲ့ချွေးနံ့ဟာ ကိုယ်စားတဲ့စားစရာတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာပေါ့။
- ဒါကြောင့် ချွေးနံ့ဆိုးတွေ ထွက်စေတဲ့ အနီရောင်အသားတွေ၊ အရက်၊ ကော်ဖီ၊ ဆီကြော်အစားအစာတွေနဲ့ ဓာတုပစ္စည်းတွေပါ၀င်တဲ့ အသင့်စားနိုင်တဲ့ အစားအသောက်တွေကို လျှော့စားရမယ်နော်။
- ပြီးတော့ ချွေးနံ့နံတတ်ရင်၊ ခံတွင်းနံ့နံတတ်ရင် စားတဲ့အစားအသောက်ထဲမှာ ဂျင်း၊ ကြက်သွန်ဖြူစတဲ့ အနံ့ပြင်းတာတွေကို ထည့်မစားပါနဲ့။
- အရမ်းစားချင်ရင် ညဘက်တွေလည်း အပြင်ထွက်စရာမရှိရင်တော့ ညစာမှာထည့်စားပေါ့နော့။
- မနေနိုင်လို့ လူရှေ့သူရှေ့စားမိသွားပြီဆိုရင်တော့ ခံတွင်းအနံ့ပျောက်အောင် ပီကေဝါးလို့ရတယ်။
- ပူရှိန်းသကြားလုံးလေးတွေနဲ့ ပါးစပ်ဖြန်းဆေးတွေ၊ ပလုပ်ကျင်းတဲ့ဆေးရည်တွေကိုလည်း အားကိုးလို့ရပါသေးတယ်။
- အဲဒီတော့ ချွေးနံ့ ခံတွင်းနံ့နံတတ်သူတွေက အသီး အရွက်တွေများများစား၊ ရေကိုလည်း များများသောက်ပေးနော်။
- ဒါဆိုရင် ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်စေတဲ့အပြင် ၀မ်းချုပ်လို့ ချွေးနံ့ထွက်၊ ခံတွင်းနံ့နံတာကလည်း ကာကွယ်ပြီးသား ဖြစ်သွားမယ်လေ။
- အော်.. ကျောက်ဖရုံယိုတို့ ရွှေဖရုံသီးတို့ စားရင်လည်း ချွေးနံ့သက်သာတယ်နော်။
Give Up Smoking
- ဆေးလိပ်သောက်တဲ့သူဆိုရင် ဆေးလိပ်ဖြတ်ပါတော့။
- ဆေးလိပ်သောက်ရင် ဆေးလိပ်နံ့တွေ အဝတ်အစားပေါ်မှာ စွဲကျန်စေတယ်ဆိုတာကိုတော့ လူတိုင်းသိတာပဲ။
- ပြီးတော့ ခန္ဓာကိုယ်က အနံ့ကိုထိန်းချုပ်နိုင်တဲ့စနစ်တွေကိုလည်း ယိုယွင်းစေတယ်လေ။
- ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ကြိုးစားနော်။
- ကိုယ်က ဆေးလိပ်အရမ်းစွဲနေလို့ ကိုယ်တိုင်ဖြတ်လို့ မရဘူးဆိုရင်တောင် ဆေးလိပ်ဖြတ်ပေးတဲ့နေရာတွေမှာ သွားဖြတ်လို့ရတာပဲလေ။
Consult with Doctor
- ဘယ်လိုပဲ ကြိုးစားပေမယ့် ခံတွင်းနံ့နံတုန်း ချွေးနံ့နံတုန်းပဲဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူရတော့မှာပေ့ါနော်။
ကဲ.. ဒီလောက်ဆိုရင်တော့ ချွေးနံ့ထွက်၊ ခံတွင်းနံ့နံနေလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေအတွက် နဲနဲဖြစ်ဖြစ်အထောက်အကူဖြစ်မယ် ထင်ပါတယ်။ ကြိုးစားကြည့်အုံးနော် သူငယ်ချင်းတို့..
ကိုယ့်ကိုယ်ကို ချွေးနံ့နံလား မနံလား၊ ကိုယ့်ခံတွင်းနံ့က ဘယ်လိုလဲ မသိသူတွေ ကိုယ့်ကိုယ်ကို ဆန်းစစ်နိုင်ဖို့ကိုယ်သင်းရနံ့ဆန်းစစ်ကြည့်စို့.။
Healthcare.com.mm
Ref:ရင်နှင်းငယ်
Source: ပိုပိုဇော်(သဘာဝအားအင်)