Night Cream ကို ဒီလိုသုံးမယ်
01-Mar-2017
၁။ Night Cream အထူကြီး လိမ်းတာက အရေပြားကို ပျက်စီးစေတဲ့အတွက် ခပ်ပါးပါးသာ အသုံးပြုပေးပါ။
၂။ ညအိပ်ရာ မဝင်မီ မျက်နှာမှာ လိမ်းကျံထားတာတွေကို အကုန်ဖျက်ပြီးတာနဲ့ Night Cream ကို သုံးပေးပါ။
၃။ အရေပြား အဆီပြန်တတ်သူ၊ ပေါင်းစပ် အသားအရေရှိသူ၊ အဖုအပိမ့်ရှိသူတွေကတော့ Night Cream နဲ့အတူ အဆီပါဝင်မှု မရှိတဲ့ Moisturizer ကို တွဲဖက် အသုံးပြုပေးပါ။
၄။ အဖုအပိမ့် ထူပြောလွန်းသူတွေကတော့ AHA ပါဝင်မှုရှိတဲ့ Night Cream ကို သုံးပေးပါ။
၅။ မျက်လုံးတစ်ဝိုက်၊ အရေပြားနေရာတွေကို cream တွေ လိမ်းခြင်းကိုမူ ရှောင်ကြဉ်ပါ။
၆။ Day Cream နဲ့ Night Cream ကို တံဆိပ်တူ အသုံးပြုခြင်းက အကျိုးသက်ရောက်မှုနဲ့ အာနိသင်ကို ပိုမိုရရှိစေပါတယ်။
၇။ မိတ်ကပ်တွေကို ဖျက်တဲ့အခါ မျက်တောင်မှာ လိမ်းထားတဲ့ Mascara တွေ ပါ မကျန်ခဲ့ပါစေနဲ့။
၈။ မိမိအသုံးပြုနေတဲ့ Night Cream တွေမှာ သဘာဝအဆီတွေ၊ ရှားစောင်းလက်ပပ်တွေ၊ ပျားရည်၊ ဗီတာမင်တွေ ပါဝင်မှု ရှိမရှိ စစ်ဆေးပြီး ပါဝင်မှ ဝယ်ယူသုံးစွဲပါ။
၉။ Night Cream ကို လိမ်းကျံရာမှာ မျက်နှာပြင် အလယ်ပိုင်းမှ စတင်၍ အပေါ်သို့ ပင့်တင်ကာ လိမ်းပေးပါ။
၁၀။ အသက် ၄၀ ကျော်လာရင်တော့ အရေးအကြောင်းလျော့ Anti-wrinkle- Night Cream ကို ရွေးချယ် အသုံးပြုပါ။ ဒါ့အပြင် copper ဓာတ်၊ ကိုလာဂျင်ဓာတ်၊ ဗီတာမင်အေ အုပ်စုဝင် Retinol ဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်တဲ့ Anti-wrinkle- Night Cream မျိုးကို ရွေးချယ်ပါ။
၁၁။ ဘယ်အသက်အရွယ်၊ ဘယ်လိုအသားအရေမျိုးကိုမဆို အာနိသင် မပြင်းလွန်းတဲ့ Night Cream မျိုးကို ရွေးသုံးပါ။
၁၂။ Moisturizer ပါဝင်တဲ့ Night Cream ကို အသုံးပြုမယ်ဆိုရင်တော့ ပိုမို ထိရောက်တဲ့ အကျိုးကျေးဇူးကို ရရှိနိုင်မှာပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဧကမ္ဘာ
Health for all magazine, June 2016, Pg. 28