Print

မျက်နှာအသားအရေ ကောင်းမွန်စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း

  01-Mar-2017
Preview Image

 

ပကတိ ပြည့်စုံကောင်းမွန်တဲ့ အရေပြားကို ရယူပိုင်ဆိုင်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့ လူအများစုက ထင်မှတ်နေကြပါတယ်။အရေပြားကို နေ့စဉ်ပုံမှန်သာ ထိန်းသိမ်းစောင့်ရှောက်ပေးပါ။ အရောင်အသွေးကောင်း မွန်ပြီး နူးည့ံချောမွေ့တဲ့ အရေပြားကို ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေး လူတိုင်းမှာရှိတယ် ဆိုတဲ့အကြောင်း သတင်းကောင်း ပါးလိုပါတယ်။ အရေပြားကို ငယ်စဉ်ကတည်းကထိန်းသိမ်းစောင့်ရှောက် ခဲ့မယ်ဆိုရင် အသက်ရလာတဲ့အချိန်ထိတိုင် အရေပြားပျက်စီး ယိုယွင်းမဲ့ အခွင့် အလမ်းတွေ နည်းပါးနိုင်ပါတယ်။ လူတစ်ဦးနှင့်တစ်ဦး အရေပြားထိန်းသိမ်းစောင့်ရှောက် ပုံ စောင့်ရှောက်နည်းများ ကွာခြားနိုင်ပါတယ်။ မျက်နှာကို နေ့စဉ်ပုံမှန် ဆပ်ပြာတိုက်ပြီး ဆေးကြောတာနဲ့ ပင်လယ်ကမ်းစပ်မှာ သွားရောက်အပန်းဖြေတဲ့အခါ နေကာဆေးလိမ်းတာမျိုးကိုအရေပြားထိန်းသိမ်းစောင့်ရှောက် တာလို့ ယူဆနေကြသူများရှိသလို၊ သန့်စင်ဆေး (cleanser) နဲ့ အရေပြားကို ပုံမှန်သန့်စင်ပြီး အစိုဓာတ်ရရှိဖို့ (moisturizer) ပုံမှန်လိမ်းပြီး အရေပြားကို အရေပြားကို အစိုဓာတ်နှင့် အာဟာရ ဓာတ်များရရှိအောင် ပြုလုပ်သွားခြင်းကို အရေပြားထိန်းသိမ်းစောင့်ရှောက် တာလို့ဆိုကြပြန်တယ်။

 

တကယ်တမ်းက ပကတိ ကောင်းမွန်ပြည့်စုံတဲ့ အရေပြားကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ အများထင်သလို အချိန်နဲ့ ငွေကုန်ကြေးကျ အလွန်များဖို့ မလိုအပ်ပါဘူး။ အရင်ဆုံး အရေပြားအမျိုးအစားကို သိမှသာ ကိုယ်နဲ့ အရေပြား အမျိုးအစားကို သိနိုင်ဖို့ အရေပြားအထူးကု ဒါမှမဟုတ် အလှကုန်ပစ္စည်းကောင်တာများမှာ အကြံပြုနိုင်တဲ့ တတ်ကျွမ်းသူများထံ သွားရောက်ပြီး အရေပြားအမျိုးအစားကို စစ်ဆေးပါ။ အရေပြား အနေအထားဟာ ရာသီအလိုက် အမျိုးမျိုးပြောင်းလဲပါတယ်။ ကျန်းမာရေး၊ ဘဝအပေါ် မူတည်ပြီးလည်း အရေပြားအမျိုးအစားများ ပြောင်းလဲသွားနိုင်ပါတယ်။ အနည်းဆုံး တစ်နှစ်ကို နှစ်ကြိမ်ခန့် ကိုယ့်အရေပြား အကြောင်း သိအောင်လေ့လာ စစ်ဆေးကြည့် သင့်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
နန်းအိအိဇာ
အသားအရေစိုပြည်လှပစေမည့် နည်းလမ်းကောင်းများ စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18