အရေပြားအတွက်နို့ရည်ကို ဘယ်လိုသုံးမလဲ
01-Mar-2017
နို့ရည်ကို အကျိုးရှိရှိ အသုံးပြုခဲ့မယ်ဆိုရင် အရေပြားလှပပြီး နူးည့ံလာစေ နိုင်ပါလိမ့်မယ်။ နို့ရည်အသုံးပြုပုံနဲ့ ပတ်သက်လို့သိထားရမယ့် အချက်တွေကတော့ -
၁။ နို့ရည်ကို သူ့ချည်းသက်သက် အရေပြားပေါ်မှာ ပွတ်လိမ်းပေးတာမျိုး။
၂။ နို့ရည်ထဲကို ဆားတစ်ဇွန်းလောက်ထည့်ပြီး လိမ်းတာမျိုး။
၃။ အရေပြား မွဲခြောက်ခဲ့မယ်ဆိုရင် မုန်လာဥနီကို အရည်ညှစ်ပြီး နို့ရည်နဲ့ ရောစပ်ပေးရပါ မယ်။ ပြီးရင် အဲ့ဒီအထဲကို ပျားရည်နှင့် လိမ္မော်ရည်ကို ဆတူထည့်ပြီး ရောစပ်လိမ်းပေး တာမျိုးနဲ့။
၄။ အစွန်းအကွက်ရှိတဲ့ အရေပြားအတွက်ဆိုရင် ကုလားပဲမှုန့်၊ နနွင်းမှုန့်၊ နို့ဆမ်းနဲ့ နို့ရည် တို့ကို ရောစပ်လို့ မုန့်နှစ်လို ပြုလုပ်ပြီး အရေပြားပေါ် လိမ်းကျံပေးထားတာမျိုးတွေကို ပြုလုပ်ပေးနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Health for all magazine, October 2015, Pg. 29
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

