Print

မျက်လုံးဘေးပတ်လည်မှာ အစင်းအကြောင်းတွေ ပျောက်ကင်းရလေအောင်

  01-Mar-2017
Preview Image

 

အသက်အရွယ် ကြီးလာတာနဲ့အမျှ အရေပြားမှာရှိတဲ့ Collagen နှင့် Elastin ဓာတ်တွေ ဟာ ကျဆင်းလာပါတယ်။ ထိုသို့ အသက်အရွယ် ကြီးရင့်ပြီး Collagen ဓာတ်များ ကျဆင်းလာခြင်းဟာ အရေးအကြောင်းများ ဖြစ်ခြင်းရဲ့ အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။ တဖြည်းဖြည်း အရေပြားအသစ် ဖြည့်တင်းနိုင်မှု စွမ်းရည်ကလည်း ကျဆင်းလာပါတယ်။ Moisturizers များဟာ အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်ပြီး အရေးအကြောင်းများကို သေးငယ်စေတယ်လို့ ထင်ရစေနိုင်မှာပါ။Collagen နဲ့ Elastin ဓာတ်တို့ ပါဝင်တဲ့ ကုန်ပစ္စည်းအသစ်တွေ အလွယ်တကူ ရရှိနိုင်ပါ
တယ်။ ယင်း Product တွေဟာ အရေးအကြောင်းများကို လျော့နည်းလာစေပြီး တွန့်ကြောင်းများကို ဆဲလ်အသစ် ဖြစ်စေပြီး နုပျိုသော အသွင်အပြင် ဖြစ်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ထို့ပြင် အရေပြားဆရာဝန်တွေနဲ့ ပြသလည်း Laser ကုထုံး၊ Chemical Peels စတဲ့ အရေပြား အပေါ်လွှာ Dermal Layer ကို အရေပြားအသစ် အောက်ပိုင်းတွင် ထပ်ဖြစ်ခြင်းကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် Laser Therapies တွေဟာ စျေးအလွန်ကြီးပြီး သက်သောင့်သက်သာလည်း မရှိပါဘူး။ အဘယ်ကြောင့်ဆိုသော် Acid များ အသုံးပြု ခြင်း၊ အရေပြား အပေါ်ယံလွှာ Dermal Layer ကို Laser ရောင်ခြည်နဲ့ ထိခိုက်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Health for all magazine, April 2016, Pg. 26



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18