အိုမင်းတာကိုနှေး (သို့မဟုတ်) အရေးအကြောင်းလျော့စေတဲ့ လိမ်းဆေး
01-Mar-2017
အိုမင်းတာကိုနှေး (သို့မဟုတ်) အရေးအကြောင်းလျော့စေတဲ့ လိမ်းဆေးကို ဒီလိုသုံးမယ်။ Anti-Aging cream တွေဟာ အမျိုးသမီးတွေကြားမှာ ရေပန်းစားလာနေပါတယ်။ဒီလို Cream တွေကိုအသုံးပြုတဲ့အခါမှာ အောက်ပါအကျိုးကျေးဇူးတွေ ရလာနိုင်တာအမှန်ပါ။အဲဒါတွေအတွက်ကတော့ -
၁။ အရေပြားကို တင်းရင်းလာစေခြင်း
၂။ အရေပြား အရောင်မညီမမျှဖြစ်ခြင်းကို ပျောက်ကင်းစေခြင်း
၃။ နေရောင်ခြည်ကြောင့် အရေပြားပျက်စီးမှုကို ကာကွယ်နိုင်ခြင်း
၄။ အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်ခြင်း
၅။ အရေပြားကို နူးည့ံချောမွတ်စေခြင်း
၆။ မျက်ကွင်းညိုတာ၊ မျက််ဝန်းအိမ်ဖောင်း ၊ အစ်တာမျိုးကို လျော့နည်းစေခြင်း
၇။ အသားအရေ အိုမင်းရင့်ရော်မှုကို အထိုက်အလျောက် လျော့ချပေးခြင်းစတဲ့ အကျိုးများပဲဖြစ်ပါတယ်။
ဘယ်လိုအမျိုးအစားကို သုံးမှာလဲ
၁။ အရွယ်တင်နုပျိုစေတဲ့ လိမ်းဆေးတွေဟာ အနည်းဆုံး SPF 15 နဲ့ ၎င်းရဲ့အထက်ဖြစ်ရပါမယ်။
၂။ အဲဒီလို လိမ်းဆေးတွေမှာ ဗီတာမင် A, B, C, E ဇင့်တိုးဆန့်ကျင်ပစ္စည်း (Anti – Oxidants) နဲ့ Keratin ဓာတ် စတာတွေပါဝင်ရပါမယ်။
၃။ သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်မျိုးဟာ ပိုပြီး အကျိုးများပါလိမ့်မယ်။
၄။ နုပျိုကျန်းမာတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ အညွှန်းမှာပါတဲ့ညွှန်ကြားချက်တွေအတိုင်း အတိအကျလိုက်နာပြီး အသုံးပြုသင့်ပါတယ်။ ဆေးညွှန်းပါ အကြောငး်အရာတွေ မရှင်းလင်းဘူးဆိုရင်တော့ ယခုဖော်ပြပေးမယ့် အချက်တွေကို လိုက်နာသင့်ပါတယ်။
၁။ အဆိုပါ လိမ်းဆေးတွေကို အသုံးပြုမယ်ဆိုရင် ဖြစ်နိုင်ပါက ညနေပိုင်းအချိန်တွေမှာ လိမ်းသင့်ပါတယ်။
၂။ တကယ်လို့ နံနက်ပိုင်းအချိန်မှာ သုံးစွဲလိုပါကလည်း နေရောင်ထဲ မထွက်ခင်အချိန် မိတ်ကပ်မလိမ်းမီ အောက်ခံအနေနှင့် အသုံးပြုသင့်ပါတယ်။
၃။ လိမ်းတဲ့အခါမှာလည်း ခပ်ပါးပါးသာလိမ်းပေးပြီး စက်ဝိုင်းပုံ နှိပ်နယ်ကာ လိမ်းပေးသင့်ပါတယ်။
၄။ အဲဒီလို လိမ်းတဲ့အခါမှာလည်း မျက်ဝန်းအိမ် အောက်ဘက် မျက်အိတ်နေရာကိုပါ ဂရုတစိုက်နဲ့ လိမ်းပေးရပါမယ်။ အခုလိုအချက်တွေကို လိုက်နာပြီး အသုံးပြုခဲ့မယ်ဆိုရင် အရေးအကြောင်းကင်းစင်တဲ့ မျက်နှာပြင်တစ်ခုကို ပိုင်ဆိုင်ရစေမှာပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဧကရီ
Health for all magazine, July 2015, Pg.34