Print

ဆောင်းလေအေးကြောင့် အရေပြားနှင့် ဆံသားထိခိုက်မှု ကင်းစေမည့် နည်းလမ်းကော...

  01-Mar-2017
Preview Image

 

၁။ သင်အသုံးပြုနေကျ ရေချိုးဆပ်ပြာတွေကို ပြောင်းလဲဖို့လိုပါတယ်။ သုံးနေကျရေချိုးဆပ်ပြာက ပြင်းတာကြောင့် ပြင်ပက ရာသီဥတုဆိုးလာချိန်မှာ သင့်အရေပြားကို ပိုပြီးထိခိုက်စေနိုင်တဲ့အတွက် အပျော့စားရေချိုးဆပ်ပြာကို ပြောင်းသုံးပါ။

 

၂။ ရေပူအသုံးပြုတာကို ရပ်တန့်ဖို့လိုပါတယ်။ ရေအေးဖြစ်စေ၊ ကြက်သီးနွေးရေဖြစ်စေ အသုံးပြုပြီး ရေချိုးဖို့လိုပါတယ်။ ရေပူက သင့်အရေပြားကို ပိုမိုခြောက်သွေ့စေနိုင်ပါတယ်။ဆောင်းရာသီ ဝင်တော့မှာမို့ ရေပူသုံးပြီး ရေချိုးမယ်လို့ မတွေးလိုက်ပါနှင့်။

 

၃။ အရေပြားကို ပွတ်တိုက်ကြေးချွတ်ဖို့အတွက် အသုံးပြုတဲ့ဖော့ဖတ်တွေနဲ့ ကြေးတိုက်ဖတ်တွေကို နေ့စဉ် အသုံးမပြုပါနှင့်တော့။ တစ်ပတ်တစ်ကြိမ်လောက်သာ အသုံးပြုပေးပါ။ အရေပြားပိုမိုထိခိုက် လွယ်လာစေနိုင်တာ ကြောင့်ပါ။ 

 

၄။ ရေချိုးဇလုံထဲမှာ အုန်းဆီထည့်ပြီး ရေစိမ်ချိုးတာကြောင့် သင့်အရေပြားမှာ ရေဓာတ်ပိုမိုရရှိနိုင်စွမ်း ရှိပါတယ်။

 

၅။ ရေချိုးပြီးချိန်တိုင်းမှာ သင်အသုံးပြုနေကျ လိုရှင်းအစား ရေဓာတ် ပါဝင်တဲ့ လိုးရှင်းကို မဖြစ်မနေ လိမ်းပေးဖို့လိုပါတယ်။ ရေချိုးပြီးလို့ ရေသုတ်ချိန်မှာ အတင်းပွတ်တိုက်သုတ်တာမျိုး မလုပ်ပါနဲ့။

 

၆။ အစေ့အဆန်တွေ များများစားပေးတာကြောင့် ဆောင်းတွင်းမှာဖြစ်တဲ့ အသားအရေခြောက်သွေ့တာကို ကာကွယ်ပေးနိုင်ပါတယ်။

 

၇။ အရက်နဲ့ အရက်ပါဝင်တဲ့ ဖျော်ရည်တွေကြောင့်လည်း အရေပြားထိခိုက်မှုကို ပိုဆိုးစေနိုင်တဲ့ အတွက် ဆောင်းတွင်းကြောင့် အရေပြားထိခိုက်မှု ဖြစ်နေတယ်ဆိုရင် အရက်ရှောင်ထားဖို့လိုပါတယ်။

 

၈။ ကျပ်လွန်းတဲ့ အဝတ်အစားတွေကို ဆောင်းတွင်းအချိန်မှာ ရှောင်ဖို့လိုပါတယ်။ ကျပ်လွန်းတဲ့ အဝတ်အစားနဲ့ခြောက်သွေ့တဲ့ အရေပြားထိတွေ့ချိန်မှာ သင့်အရေပြားကို ပိုမိုထိခိုက်စေနိုင်တာ ကြောင့်ပါ။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
လမင်းလေး
Arogyam magazine, February 2016, Pg. 112



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18