ကိုယ်အလေးချိန် လျော့ချင်သူတွေအတွက် ရွှေရောင်စည်းမျဉ်းများ
01-Mar-2017(၁) နံနက်စာကို ဘယ်တော့မှ မကျော်လွှားပါနဲ့
နံနက်စာဟာ နေ့တစ်နေ့ရဲ့ အစားအစာထဲမှာ အရေးကြီးဆုံး အစားအစာပါပဲ။ ကိုယ်အလေးချိန် လျော့ချင်သူတွေအတွက်လည်း နံနက်စာဟာ အရေးကြီးပါတယ်။ တစ်ညလုံး အိပ်ထားသမျှ ဘာအစာမှ မစားထားတဲ့အတွက်ကြောင့် နံနက်စာ စားသုံးခြင်းဟာ ကိုယ်ခနွာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို နံနက်စာစားသုံးပြီး ပြန်လည်နိုးထလို့ရပါတယ်။
(၂) ရေဝဝသောက်ပါ။ လုံလောက်စွာ အိပ်စက်ပါ
အစားအသောက်ပုံစံတွေနဲ့ ကိုယ်အလေးချိန် လျော့ချတဲ့နေရာမှာ ရေကို လုံလောက်စွာသောက်သုံးခြင်း၊ အိပ်ရေးဝ၀ အိပ်စက်ခြင်းဟာလည်း အရေးကြီးပါတယ်။ ရေကို လုံလောက်စွာ သောက်သုံးခြင်းဟာ သင့်ရဲ့ကိုယ်အလေးချိန် လျော့ချရေး အစီအစဉ်မှာ ဝင်ရောက်ကူညီနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရေဝဝသောက်ခြင်းဟာ သင့်ဗိုက်ထဲမှာပြည့်နေတယ်လို့ ခံစားရပြီး ဆာလောင်မှုကို ရပ်တန့်စေနိုင်လို့ပါပဲ။ နောက်ပြီး ညဘက်
ကောင်းမွန်စွာ အိပ်ရေးဝ၀ အိပ်ခြင်းကလည်း ကိုယ်အလေးချိန် လျော့ဖို့လုပ်ဆောင်ပေးနေတဲ့သင့်ကို ကူညီနိုင်ပါတယ်။
(၃) ကယ်လိုရီတွေကို တွက်ချက် စားသုံးပါ။
ကယ်လိုရီတွေကို တွက်ချက်စားသုံးခြင်းဟာ ကိုယ်အလေးချိန်လျော့ချလိုတဲ့ သင့်အတွက် လိုအပ်ပါတယ်။ သင့်အတွက် လိုအပ်မယ့် ကယ်လိုရီတွေကို သေချာစွာ တွက်ချက်စားသုံးခြင်းဟာ သင့်ကိုကယ်လိုရီတွေ တက်မလာအောင် ပိုမစားမိအောင် ကူညီပေးနိုင်ပါတယ်။
(၄) မြန်မြန်ဝိတ်ချဖို့ အစောတလျင် မကြိုးစားပါနဲ့
ခနွာကိုယ်ကြီးဟာ ရုတ်တရက် မြန်မြန်ပြောင်းလဲတာကို ကြိုက်နှစ်သက်မှု မရှိပါဘူး။ အရင်ဆုံး ခနွာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်များ ပုံမှန် အခြေအနေရှိနေဖို့၊ ခနွာကိုယ်တွင်း အခြေအနေ မျှတမှု ရှိနေဖို့ အရင်ဆုံး တည်ဆောက်ရပါတယ်။ ရုတ်တရက်ကြီး မြန်မြန် ၀ိတ်လျော့ခြင်းဟာ ခနွာကိုယ်ဇီဝကမ္မ ဖြစ်စဉ်တွေကို အလိုအလျောက် ကျဆင်းသွားစေ တတ်ပါတယ်။ ခနွာကိုယ်လုပ်ငန်းဆောင်တာတွေကို ကျဆင်းသွားစေနိုင်ပါတယ်။ ဒါကြောင့်မြန်မြန်ဝိတ်ချစေဖို့ အစောတလျင် မကြိုးစားဘဲနဲ့ ဖြည်းဖြည်းနဲ့ မှန်မှန်ဝိတ်လျော့ဖို့ပဲ ကြိုးစားစေချင်ပါတယ်။
(၅) ကိုယ်ခနွာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ထိန်းသိမ်းပါ
ကိုယ်အလေးချိန် လျော့ချင်သူတွေဟာ နေ့စဉ်ပြုလုပ် လှုပ်ရှားမှုတွေ ပြုလုပ်ရပါတယ်။ ကိုယ်အလေးချိန်လျော့ဖို့ ပေါ့ပါးတဲ့ အလေးမ လေ့ကျင့်ခန်းတွေ၊ အေရိုးဗစ်ကစားနည်းတွေ၊ လမ်းလျှောက်ခြင်း၊ စက်ဘီစီးခြင်း၊ ရေကူးခြင်းတွေပြုလုပ်တဲ့အခါ ကြွက်သားတွေ တည်ဆောက်ဖို့ သန်မာဖို့ ခနွာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ထိန်းသိမ်းတတ်ဖို့ လိုအပ်ပါတယ်။သင်ဟာ ကိုယ်အလေးချိန် လျော့ချဖို့အတွက်ဆိုရင် ဒီအချက်တွေကိုလည်း ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။
(၆) ဘယ်အရာပဲဖြစ်ဖြစ် အပြင်းအထန် မလုပ်ပါနဲ့
ကျန်းမာတဲ့ဘဝဖြစ်ဖို့ ဘယ်အရာပဲဖြစ်ဖြစ် အပြင်းအထန် မလုပ်ပါနဲ့။ ဘဝနဲ့ ပျော်ရွှင်မှုကို ဟန်ချက်ညီအောင် ထိန်းသိမ်းပါ။ ကိုယ်အလေးချိန်ကို ကျန်းမာတဲ့အစားအသောက်ပုံစံနဲ့ လျော့ချခြင်းသာ သော့ချက်တစ်ခုပါပဲ။ အစားအသောက် ပုံစံနဲ့ ကိုယ်အလေးချိန် လျော့ချတဲ့နေရာမှာလည်း အပြင်းအထန်ကြိုးစားပြီး မလုပ်မိပါစေနှင့်။ အကောင်းဆုံးနည်းလမ်းတစ်ခုဟာ အန္တရာယ်ရှိတဲ့ နည်းလမ်းတစ်ခုဖြစ်သွားနိုင်ပါတယ်။
(၇) အကူအညီ ရှာဖွေပါ
အကယ်၍ သင့်အနေနဲ့ အစားအသောက်ပုံစံနဲ့ ကိုယ်အလေးချိန်ကို အများအပြားလျော့ချချင်တယ်ဆိုရင်တော့ ရောဂါတစ်စုံတစ်ရာရှိမယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပါ။ ရောဂါတစ်စုံတစ်ရာရှိနေခဲ့ရင် အလျင်စလိုမဟုတ်ဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှသာ အစားအသောက်ပုံစံတွေနဲ့ ကိုယ်အလေးချိန်လျော့ချပါ။ ဒီနည်းဟာ အန္တရာယ်ကင်းဝေးပြီး ဘေးထွက်ဆိုးကျိုးတွေကို နည်းပါးစေပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ရတီမို
Health for all magazine, April 2013, Pg. 85