Print

ဝက်ခြံပျောက်ချင်သူတို့ ပြုတတ်သောအမှားများ

  01-Mar-2017
Preview Image

 

ခဏခဏ မျက်နှာသန့်စင်ချေးချွတ်ခြင်း
ချေးချွတ်ခြင်းဟာ တကယ်တော့ ဝက်ခြံကို ပိုဆိုးစေပါလိမ့်မည်။ အရေပြားကိုချေးချွတ်တဲ့အခါ အရေပြားကိုမထိခိုက်အောင် ကာကွယ်ပေးထားတဲ့ အလွှာတွေကို ထိခိုက်စေလို့ပါ။ အရေပြားကို သွားဆွသလို ဖြစ်စေလို့လည်း ပါပါတယ်။ တကယ်လုပ်သင့်တာက အရေပြားကို လှုံ့ဆွမှု မရှိစေတဲ့ အက်ဆစ်ဓာတ်မျှခြေ (Neutral pH) ရှိ အရည်များနှင့် ညင်သာစွာ ဆေးကြောပေးရပါမယ်။ အသုံးပြုတဲ့ မျက်နှာသန့်စင်ဆေးများ ပိုလျှံခဲ့ရင် သေချာစွာ ဆေးကြောပစ်ကြရပါမယ်။ ကျန်ရစ်ခဲ့ရင် နောက်တစ်ခါအရည်ထည့်သုံးစွဲတဲ့အခါ အရေပြားကို ထိခိုက်စေနိုင်လို့ပါ။ အချို့ဝက်ခြံထွက်တာဟာ မျက်နှာမသန့်လို့၊ ဖုန်တွေကြောင့် ဖြစ်တတ်တယ်လို့ ယူဆကြတယ်။ ဒါကြောင့် ဝက်ခြံထွက်ခဲ့ရင် မျက်နှာခဏခဏ သန့်စင်ကြတာဖြစ်ပါတယ်။ ဖုန်ကြောင့်သာ ဝက်ခြံထွက်ကြကြေးဆိုရင် ခြေထောက်မှာ ဝက်ခြံပေါက်ပါလားလို့ ကထိက တစ်ဦးက ပြောဖူးပါတယ်။ 

 

မိမိအရေပြားနှင့် မသင့်တော်တဲ့ အလှအပပစ္စည်းများ သုံးမိခြင်း
ပြင်းထန်တဲ့ သန့်စင်ဆေးရည်၊ အက်ဆစ်ဆန့်ကျင်ဓာတ်ပါ ဆပ်ပြာ၊ အရက်ပျံအခြေပြု၊ အသုံးအဆောင်များဟာ ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဝက်ခြံထွက်လွယ်တဲ့ အရေပြားပိုင်ရှင်များ မသုံးစွဲသင့်တဲ့ အလှအပပစ္စည်းများပါ။ ဒါ့ပြင်မွေးညင်းပေါက်မပိတ်စေနိုင်တဲ့ အလှအပပစ္စည်းများကို ရွေးချယ် သုံးစွဲသင့်ပါတယ်။နေမလောင်စေတဲ့ လိမ်းဆေး၊ အရေပြားအစိုဓာတ် ထိန်းဆေးများပါတဲ့ ဓာတ်ပစ္စည်း
များဟာ မွှေးညှင်းပေါက်များကို ပိတ်ဆို့လွယ်တတ်ပါတယ်။ အဆီဓာတ်ပါတဲ့ အလှအပပစ္စည်းများဟာလည်း ဝက်ခြံကိုပိုထွက်လွယ်စေပါတယ်။ ဝက်ခြံကို ညှစ်ခြင်းဟာ အနာကျက်ချိန် တာရှည်စေခြင်းနဲ့ အမာရွတ်တက်နိုင်ခြင်း စတာတွေ ဖြစ်စေပါတယ်။ အရေပြားထဲ ရောဂါပိုးဝင်ပြီး ပိုးရောင်ရမ်း နီရဲလာစေနိုင်ပါတယ်။ ဝက်ခြံကို ခဏခဏ ကြည့်ဖြစ်ကြတာ ဝတ်ဆံညှစ်လို့ရတယ်ထင်ပြီး ညှစ်တတ်ကြပါတယ်။ ဒါနဲ့ပဲ လက်ရောင်လိုက် ပိုးဝင်ပြီး ရောင်ရမ်းလာတတ်ပါတယ်။

 

အရေပြားဆရာဝန်နဲ့ ကြန့်ကြာခြင်း
အချို့ ကြားဖူးနားဝရှိရာ လက်သင့်ရာတွေနဲ့ ဝက်ခြံကို မိမိဘာသာ ကုတတ်ကြပါတယ်။ ဝက်ခြံရင့်လာပြီဆိုရင် ဆရာဝန်ပြသင့်ပါပြီ။ အရေပြားဆရာဝန်ဆီမှာ ကုထုံးအများအပြား ရှိပါတယ်။ ဆေးဝါးအမျိုးမျိုးပေး ကုသနိုင်ပါတယ်။ လိုအပ်ရင် လေဆာကုထုံးအသုံးပြုနိုင်ပါတယ်။ ခံစားနေရတဲ့ ဝက်ခြံအမျိုးအစားတွေအပေါ်မူတည်ပြီး လိုအပ်သလို ကုသပေးနိုင်ပါတယ်။ လူနာအရေပြား အမျိုးအစားကို ကြည့်ပြီး လိုအပ်သလို ကုသပေးပါလိမ့်မယ်။ ဒါကြောင့် ဆရာဝန်ပြချိန်လင့်ခဲ့ရင် ဝက်ခြံရင့်ပြီး အမာရွတ်တက်တာ၊ ပွားတာတွေ ဖြစ်စေနိုင်ပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမြင့်သန်း
Health for all magazine, November 2015, Pg. 79



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18