Print

အိုမင်းရင့်ရော်မှုကို တိုက်ခိုက်ပေးမယ့် သဘာဝ Anti-aging Foods

  01-Mar-2017
Preview Image

Almond ( ဗာဒံသီးစေ့)
- အရေပြား၊ ဆံပင်နဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ 

 

Avocado (ထောပတ်သီး) 
- အရေပြားအရေးအကြောင်းတွေ စောစီးစွာဖြစ်ပွားခြင်း ကို ကာကွယ်ပေးနိုင်ပြီး အရေပြားချောမွေ့စေခြင်း၊ ပျော့ပျောင်းနူးည့ံမှုပေးနိုင်ခြင်း
စတဲ့ အရေပြားကျန်းမာရေးကို ကူညီပေးနိုင်ပါတယ်။ အရေပြားကြည်လင် တောက်ပစေပါတယ်။ 

 

Aloe Vera Juiceကို (ရှားစောင်းလက်ပတ်ဖျော်ရည်) 
- နံနက်စောစော အစာမရှိချိန်မှာ သောက်သုံးပေးမယ် ဆိုရင် အရေပြားအလှအပအတွက် အကျိုးရလဒ်တွေ ရရှိနိုင်ပါတယ်။

 

Apricot (တရုတ်ဆီးသီး) 
- နေရောင်ခြည်ဒဏ်ကြောင့် အိုမင်းရင့်ရော်ခြင်းကို တိုက်ထုတ်ပေးနိုင်ပါတယ်။

 

Beans (ပဲအမျိုးမျိုး) 
- အရေးအကြောင်းတွေဖြစ်ပွားခြင်းကို နှေးကွေးစေနိုင်တယ်။

 

Berries (ဘယ်ရီသီးများ) 
- အလှအပအတွက် အရေးကြီးတဲ့ ကိုလာဂျင်ကို တိုးပွားစေပြီး အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးကာ ဆဲလ်အသစ်တွေကို တိုးပွားစေပါတယ်။ နေလောင်ခြင်းနဲ့ အရေးအကြောင်းတွေ ကာကွယ်ပေးပါတယ်။ 

 

Broccoli (ပန်းဂေါ်ဖီစိမ်း) 
- အရေပြား နီမြန်းရောင်ရမ်းခြင်းကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပြီး ဗီတာမင်စီ အများအပြားပါဝင် နေပြီး နေရောင်ခြည်ဒဏ်ကြောင့် အရေပြားပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ 

 

Cucumber (သခွားသီး)
- အရေပြားအတွင်း ရေဓာတ်ဆုံးရှုံးခြင်းကို ကာကွယ်နိုင်ပြီး အရေပြားချောမွေ့တောက်ပ စေသည်။ 

 

Chocolate (ချောကလက်)
- အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ နေလောင်ကွက်များ၊ အမည်းစက်များ၊ အရေးအကြောင်းစသည့် အလှအပကို ထိခိုက်စေနိုင်တဲ့ ပြဿ နာများကို ကူညီပေးနိုင်ပါတယ်။ 

 

Coffee (ကော်ဖီ)
- တစ်နေ့ကို ကော်ဖီတစ်ခွက် သောက်သုံးခြင်းဟာ အရေပြားကင်ဆာဖြစ်ပွားခြင်း ကို လျော့နည်းစေတယ်လို့ လေ့လာမှုသုတေသနတွေအရ သိရပါတယ်။ 

 

Green Tea (လက်ဖက်ရည်ကြမ်း) 
- အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေ ကို နှေးကွေးစေပါတယ်။

 

Green Vegetables (အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ) 
- ကိုယ်အလေးချိန် ထိန်းသိမ်းဖို့အတွက် ကူညီပေးနိုင်ပြီး ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ကူညီဖယ်ရှားပေးနိုင်တယ်။ 

 

Garlic (ကြက်သွန်ဖြူ) 
- ဆဲလ်တွေဆိုးဝါးစွာ ပျက်စီးဆုံးရှုံးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ 

 

Ginger (ဂျင်း) 
- အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ 

 

Grapes (စပျစ်သီး)
- အရေပြားအလှအပအတွက် အရေးကြီးတဲ့ ကိုလာဂျင်ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ 

 

Melons (ဖရဲသီးအနွယ်ဝင်များ) 
- အသားအရေစိုပြည်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။

 

Nuts (အခွံမာသီးများ) 
- အခွံမာသီးမှာပါဝင်တဲ့ ကောင်းမွန်သော အဆီဓာတ်တွေဟာအရေပြားလှပမှုအတွက် ကူညီပေးနိုင်ပါတယ်။ 

 

Orange (လိမ္မော်သီး) 
- ဗီတာမင်စီဟာ အရွယ်မတိုင်မီ အရေးအကြောင်း လက္ခဏာများဖြစ်ပေါ်ခြင်းကို နှေးကွေးစေပြီး အသား
အရေကို စိုပြေစေပါတယ်။ နေရောင်ခြည်ဒဏ်ကြောင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း တွေကိုလည်း ကာကွယ်စေနိုင်ပါတယ်။ 

 

Olive Oil (သံလွင်ဆီ) 
- သံလွင်ဆီကို စားသုံးရင်ပဲဖြစ်ဖြစ်၊ လိမ်းရင်ပဲဖြစ်ဖြစ်၊ ပုံမှန်အသုံးပြုမယ်ဆိုရင် အရွယ်မတိုင်မီ အရေးအကြောင်း တွေဖြစ်ပွားခြင်းကို နှေးကွေးစေတယ်လို့ဆိုပါတယ်။ 

 

Oat Meal (ကြိတ်ထားသည့် အုတ်စပါးဆန်ပြုတ်)
- အသားအရေနဲ့၊ ဆံပင်၊ နှုတ်ခမ်းသား စသည်တို့လှပစေပါတယ်။ 

 

Pomegranate (သလဲသီး) 
- အရေပြား ဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကို တိုက်ခိုက်ပေးနိုင်ပါတယ်။ 

 

Red Wine (အနီရောင်ဝိုင်)
- အရေပြားအတွင်း သွေးလည်ပတ်မှုအားကို ကောင်းစေ ပါတယ်။ 

 

Red Peppers (အနီရောင်ငရုပ်သီး) 
- ပုံမှန်အရေပြား ပြန်လည်ဖြစ်ထွန်းဖို့ အားပေးကူညီနိုင်ကာ အရေပြားအစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းပေးနိုင်ပါသည်။ 

 

Strawberries (စတော်ဘယ်ရီ) 
- အရေးအကြောင်းတွေ ဖြစ်ပွားခြင်းကို နှေးကွေးစေခြင်း၊ အရေပြားခြောက်သွေ့မှုကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ အရေပြားနီမြန်းခြင်း နေလောင်ကွက် များ ဖြစ်ပွားခြင်းရန်ကနေကာကွယ်ပေးနိုင်ပါတယ်။

 

Tomatoes (ခရမ်းချဉ်သီး)
- နေရောင်ခြည်ကြောင့် အရေပြားနီမြန်းတာတွေကို သက်သာလျော့နည်းစေပါတယ်။ 

 

Tofu (တို့ဖူး) 
- အရေပြားတောက်ပမှုအတွက် လိုအပ်တဲ့ ကိုလာဂျင်ကို တိုးပွားဖို့ကူညီပေးနိုင်ပါတယ်။ 

 

Tuna (တူနာငါး) 
- အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို ကာကွယ်ပေးပြီး အရေပြားနီးမြဲ ရောင်ရမ်းခြင်း ကို လျှော့ချပေးနိုင်ပါတယ်။ 

 

Water (ရေ)
- ရေဟာ ခနွာကိုယ်မှ ရေဓာတ်ဆုံးရှုံးခြင်းကို ကာကွယ်ပေးနိုင်ပြီး အရေပြားခြောက်သွေ့မှုကို ဟန့်တားပေးနိုင်ကာ အရေးအကြောင်းတွေ မြန်မြန်ဖြစ်ပွားခြင်းကို နှေးကွေးစေပါတယ်။ 

 

Yogurt (ဒိန်ချဉ်) 
- အရေပြားနီမြန်းရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်ပြီး အရေပြားအတွင်းအောက်ဆီဂျင် အခြေအနေ တိုးပွားမှုကို ကူညီပေးနိုင်ပါတယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit: 
နေရည်ညို
Health for all magazine, November 2012, Pg. 85



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18