သုံးဆယ်ကျော်မမများနှင့် အလှအပ
01-Mar-2017
သုံးဆယ်ကျော်ရင် အရေပြားလဲလှယ်မှုနှုန်း နှေးကွေးလာပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှု ၊ဆေးလိပ်ငွေ့၊ မီးခိုးငွေ့၊ နေရောင်ခြည် စတာတွေဟာလည်း အရေပြားကိုထိုးဖောက်တဲ့ အရှိန်ရလာပြီ။ ဒါကြောင့် အရေပြား အလယ်လွှာက ကော်လဂျင် အမျှင်တွေပြတ်တာ၊လျော့တာတွေဖြစ်ပြီး အသားအရေနည်းနည်း တွဲချင်လာတယ်။ ပြုံးလိုက်ရင် နှုတ်ခမ်းတစ်၀ိုက်မှာ အစင်းကြောင်းလေးတွေ ပေါ်ချင်လာတယ်။ ဒါကြောင့် သင့်ရဲ့ နေ့စဉ်အရေပြား ထိန်းသိမ်းမှုဇယားမှာသန့်ရှင်းဆေးကြောပေးခြင်း၊ရေအစိုဓာတ်ထိန်း ခရင်မ်လိမ်းခြင်း၊ နေကာခရင်မ်လိုးရှင်း လိမ်းခြင်းများ ပြုလုပ်ရပါမယ်။
ပြင်ပပတ်ဝန်းကျင် ဒဏ်ကြောင့် ပျက်စီးမှုလျော့ကျစေဖို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အင်တီအောက်ဆီဒင့် များများပါဝင်တဲ့ အစာအဟာရ လိုအပ်ပါတယ်။
ဒါတွေက ဗီတာမင်အေ၊ ဘီ၊ စီ၊ အီး စတာတွေပါ။ ဒီဗီတာမင်တွေက အရေပြားပျက်စီးမှုကို လျော့ကျစေပြီး ပြန်လည်ပြုပြင်မှု မိုပိုကောင်းမွန်စေပါတယ်။ အသားအရေကျန်းမာ ချောမွေ့စေပါတယ်။ အရက်ဘီယာ သောက်တတ်ရင် လျှော့ဖို့၊ ဖြတ်ဖို့ ကြိုးစားပါ။အရက်က အရေပြားအတွက် လိုအပ်တဲ့အာဟာရတွေကို ဆုံးရှုံးစေတယ်။ အရေပြားကသွေးကြောတွေကို အချိန်ကြာမြင့်စွာ ကျယ်နေစေတယ်။ ကြာလာရင် သွေးကြောနံရံက
ကောလဂျင် အမျှင်တွေ အားပျော့ပြီး ပြန်မကျုံ့နိုင်တော့ဘဲ မျက်နှာနဲ့ ခန္ဓာကိုယ်မှာသွေးကြော ငယ်တွေအချောင်းလိုက်၊ အဝိုင်းလိုက် အနီစက်တွေအနေနဲ့ တွေ့လာရသည်။ အသားအရေ မရှင်းတော့ဘူးပေါ့။အရေပြားလှဲလှယ်မှု မြန်ဆန်စေရန်၊ အရေပြားညီညာစေရန် ဗီတာမင်အေလိမ်းဆေး၊ သစ်သီးအက်ဆစ်လိမ်းဆေးများ ညစဉ် လိမ်းနိုင်ပါတယ်။ အသားအရေညီညာပြီးနုပျိုလာစေတယ်။ လိုအပ်ရင် မျက်နှာဆေးလိမ်း၍ ကုသခြင်း Chemical Peelလအနည်းငယ်ခြား၍ ပုံမှန်ပြုလုပ်နိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကုဆရာဝန်ကြီး)