Print

ခြောက်သွေ့သောအသားအရေပိုင်ရှင်းများအတွက် မျက်နှာသန့်စင်ရာတွင် ဂရုစိုက်...

  01-Mar-2017
Preview Image

 

၁။ အိပ်ရာမဝင်မီမျက်နှာသစ်ပါ

အသားအရေ ခြောက်သွေ့သူများအတွက် အိပ်ရာမဝင်မီမှာ မျက်နှာသန့်စင်တာကို ညင်ညင်သာသာ လုပ်ပေးဖို့လိုပါတယ်။ မနက်မိုးလင်းအလုပ် မသွားမီကတည်းက မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်၊ နေရောင်ကာခရင်မ်၊ မျက်နှာပေါ်ကပ်ငြိလာတဲ့ ဘက်တီးရီးယားပိုးတွေ၊အညစ်အကြေးတွေ၊ ဆဲလ်သေတွေနဲ့ မျက်နှာပေါ်မှာထွက်ရှိလာတဲ့အဆီတွေကမျက်နှာရဲ့ ချွေးပေါက်ထဲကို ဝင်ပြီး အရေပြားရောင်ရမ်းတာတွေ ဖြစ်စေပါတယ်။ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်သန့်စင်တာမျိုးကို မပြုလုပ်ဘဲ ညင်ညင်သာသာသန့်စင် ပေးပါ။ မနက်အိပ်ရာထချိန်မှာ မျက်နှာသန့်စင်ဆေးတွေ မလိုတော့ဘဲ ရေနဲ့ပဲ မျက်နှာသစ်ပေးပါ။

 

၂။ အားပြင်းသော ဆပ်ပြာမသုံးပါနှင့်

မျက်နှာသန့်စင်တဲ့အခါ အာနိသင်ပြင်းတဲ့ ဆပ်ပြာကို မသုံးမိပါစေနှင့်။ မျက်နှာမှာရှိတဲ့ သဘာဝအဆီကို ဖယ်ရှားပြီး မျက်နှာအရေပြားကို ခြောက်သွေ့ကာ ရောင်ရမ်းစေတတ်ပါတယ်။ ဆပ်ပြာမပါဝင်တဲ့ မျက်နှာသန့်စင်ပစ္စည်းတွေက ဆပ်ပြာလိုမျိုး အာနိသင်တွေ ရှိတယ်ဆိုပေမယ့် ပါဝင်မှုနည်းတာကြောင့် မျက်နှာမှာရှိတဲ့ အဆီတွေကို ဖယ်ရှားမှု နည်းပါတယ်။

 

၃။ မျက်နှာသစ်ဆပ်ပြာ ဘယ်လိုရွေးမလဲ

သင်က အသားအရေခြောက်သွေ့သူဖြစ်ပါက မျက်နှာသစ်ဆပ်ပြာဝယ်ယူရာမှာချေးချွတ် အာနိသင် မပြင်းထန်ဘဲ အစိုဓာတ်ပါဝင်တာကို ရွေးချယ်ရပါမယ်။ မျက်နှာသန့်စင်ပြီးနောက်မှာ သင့်အသားအရေက နူးည့ံပျော့ပျောင်းနေပါမယ်။ အဲဒီလိုမှမဟုတ်ဘဲ မျက်မှာသန့်စင်ပြီးတဲ့အခါ အရေပြားခြောက်သွေ့နေတာ၊ ဆွဲထားသလို တင်းနေတာ၊ ယားယံသလိုမျိုးတွေ ခံစားနေရမယ် ဆိုရင်တော့ တခြားအမျိုးအစား မျက်နှာသစ်ဆပ်ပြာ ပြောင်းသုံးပါ။ 

 

၄။ ရှောင်သင့်သော မျက်နှာသစ် ဆပ်ပြာအမျိုးအစား

ချေးချွတ်အာနိသင်များပြီး အနံ့တွေ၊ ဓာတုပစ္စည်းတွေနဲ့ အယ်လ်ကိုဟောပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာတွေကို အသုံးမပြုသင့်ပါဘူး။ ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာတွေကလည်း အသားအရေကို ခြောက်သွေ့စေပါတယ်။

 

၅။ ကြက်သီးနွေးရေနှင့် ဆပ်ပြာအမျိုးအစား

ရေချိုးပေးတာက သင့်အရေပြားကို အစိုဓာတ်ရရှိစေပါတယ်။ ဒါပေမဲ့ ရေချိုးချိန်မှာ သင့်အရေပြားမှာရှိတဲ့ သဘာဝအဆီတွေကို မဖယ်ရှားပစ်ဖို့တော့ လိုပါတယ်။ ပူတဲ့ရေက ကြက်သီးနွေးရေထက် ခန္ဓာကိုယ်မှ အဆီတွေကို ပိုမိုဖယ်ရှားပစ်ပါတယ်။ မျက်နှာသစ်တာ၊ ရေချိုးတာတွေမှာ ကြက်သီးနွေးရေကို အသုံးပြုပြီး အချိန် ၁၀ မိနစ်ထက် ပိုမကြာသင့်ပါဘူး။ ရေချိုးနေချိန်မှာ အခန်းတံခါးပိတ်ထားပြီး အခန်းတွင်း အစိုဓာတ်ထိန်းထားပေးပါ။ 

 

၆။ ပွတ်တိုက်သန့်စင်မှုကို ရှောင်ရှားပါ

သင်က အသားအရေခြောက်သွေ့ သူဖြစ်မယ်ဆိုရင် အရေပြားကို ပွတ်တိုက်ပြီးချေးချွတ်ရတဲ့ တန်ဖိုးကြီးပစ္စည်းမျိုးတွေ ဝယ်မသုံးပါနှင့်။ ပွတ်တိုက်ပြီး ချေးချွတ်တာတွေက သင့်အရေပြားကို ခြောက်သွေ့စေပြီးယားယံမှုကိုဖြစ်စေပါတယ်။ခြောက်သွေ့တဲ့ အသားအရေပိုင်ဆိုင်ထားသူတွေက ရေမြှုပ်၊ အဝတ်စ စတာတွေနဲ့ ပွတ်တိုက်ရေချိုးရင်တောင် အသားအရေ ခြောက်သွေ့စေပြီး အရေပြားယားယံမှုကိုဖြစ်စေပါတယ်။ သင့်လက်တွေနဲ့ ပွတ်တိုက်သန့်စင်မှုသာ ပြုလုပ်ပါ။

 

၇။ လက်ဆေးပါ

မျက်နှာကို မသန့်စင်မီ အရင်ဆုံး သင့်လက်တွေကို ရေနွေးနွေးနဲ့ ဆေးကြောသန့်စင်ဖို့ လိုပါတယ်။ သင့်လက်တွေက မျက်နှာကို ပွတ်သပ်သန့်စင်ရမှာ ဖြစ်တာကြောင့်ပါ။

 

၈။ အလွန်အကျွံအသုံးအပြုပါနှင့်

မျက်နှာသစ်ဆပ်ပြာကို အများကြီး အသုံးပြုပြီး သန့်စင်တာမျိုးကို မလုပ်သင့်ပါဘူး။ လက်ထဲကို မျက်နှာသစ်ဆပ်ပြာ အနည်းငယ်ထည့်ပြီးမှာ မျက်နှာပေါ် ပွတ်သပ်ပြီး သန့်စင်ပေးပါ။ သင့်လက်ချောင်းတွေကို အသုံးပြုပြီး စက်ဝိုင်းပုံဏ္ဍာန် ညင်သာစွာနှိပ်နယ်ပေးပါ။ အထူးသဖြင့် မျက်နှာတစ်ဝိုက်မှာ ပိုမိုညင်သာစွာနှိပ်နယ်ပေးဖို့ လိုပါတယ်။

 

၉။ မျက်နှာသုတ်ပဝါနုနုကို အသုံးပြုပါ။

မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာသစ်ပဝါကြမ်းကြမ်းနှင့် ပွတ်တိုက်တာဟာ အရေပြားကို ခြောက်သွေ့စေတဲ့ အကြောင်းတစ်ခုပါပဲ။ မျက်နှာသုတ်ပဝါနုနုနှင့် အရေပြားကို တို့သုတ်ပေးပါ။ မျက်နှာမှာရှိတဲ့ ရေတွေအကုန်ပြောင်စင်သွားဖို့ မလိုပါဘူး။

 

၁၀။ လွယ်ကူသော ကြွေးချွတ်နည်းကို အသုံးပြုပါ။

ချေးချွတ်တယ်ဆိုတာ အရေပြားမှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားလိုက်တာပါပဲ။ ဆဲလ်သေတွေကို ဖယ်ရှားလိုက်တဲ့အခါ အရေပြားကို ထိုးဖောက်ပြီး အစိုဓာတ်ရရှိစေပါတယ်။ ချေးချွတ်အားပြင်းတဲ့ ဆပ်ပြာနဲ့ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ပြီး ချေးချွတ်တာတွေက အရေပြားကို ခြောက်သွေ့စေပါတယ်။ တစ်ပတ်တစ်ကြိမ်သာ ချေးချွတ်ပေးပါ။

 

၁၁။ အစိုဓာတ်ထိန်းနည်း မှန်ကန်ပါစေ

အစိုဓာတ်ထိန်းပေးတဲ့ ခရင်မ်တွေ၊ လိမ်းဆေးတွေကို နည်းလမ်းမှန်မှန်ကန်ကန် လိမ်းဖို့လိုအပ်ပါတယ်။ အိပ်ရာမဝင်ခင်နဲ့ မနက်ပိုင်း ရေချိုးသန့်စင်ပြီးလို့ အစိုဓာတ်ထိန်းခရင်ပ်တွေ လိမ်းတဲ့အခါ သုံးမိနစ်လောက် အချိန်ပေးပြီး လိမ်းပေးပါ။ နေ့ဘက်မှာ အစိုဓာတ်ထိန်းခရင်မ်ကို တစ်ခါလိ်မ်းထားရုံနှင့် မလုံလောက်ပါဘူး။ နောက်ထပ်ပေးဖို့ လိုအပ်ပါတယ်။

 

၁၂။ အစိုဓာတ်ထိန်းခရင် ဘယ်လိုရွေးဝယ်မလဲ။

ခြောက်သွေ့တဲ့ အရေပြားပိုင်ဆိုင်ထားသူတွေက အစိုဓာတ်ထိန်းလိုးရှင်းတွေထက် ခရင်မ်နဲ့ အဆီပုံစံနဲ့ ထုတ်လုပ်ထားတာတွေက ပိုသင့်တော်ပါတယ်။ လစ်ဆရင်၊ ပရိုပိုင်လင်းဂလိုင်ကောတွေနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်တွေက အရေပြားရဲ့ အတွင်းပိုင်းအထိ အစိုဓာတ်ကို ဆွဲယူပါတယ်။ ပက်ထရိုလီယမ်၊ လနိုလင်၊ မင်နရယ်ဆီနဲ့ ဒိုင်မီသီကုန်းတွေက အရေပြားပေါ်မှာ အလွှာတစ်ခုအနေနဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးထားပါတယ်။ ပက်ထရိုလီယမ်ဂျယ်လီပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်က အရေပြားပေါ်မှာ အလွှာတစ်ခုအနေနဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးထား တာကြောင့် အသားအရေ ခြောက်သွေ့သူတွေအတွက် အသင့်တော်ဆုံးပါ။

 

၁၃။ ရှောင်သင့်သော အစိုဓာတ်ထိန်းခရင်မ် အမျိုးအစား

အမွေးနံ့ပြင်းပြင်းထည့်သွင်းတဲ့ အစိုဓာတ်ခရင်မ်တွေကို မသုံးစွဲသင့်ပါ။ ရက်တီနောပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်တွေက ထိခိုက်လွယ်တဲ့ အသားအရေရရှိသူတွေနဲ့ အသားအရေခြောက်သွေ့ သူတွေမှာ ယားယံစေပါတယ်။ သင့်လက်ဖျံမှာ ရက်အနည်းငယ်လောက် စမ်းသပ်လိမ်းကြည့်ဖို့ လိုပါတယ်။ ပူစပ်ပူလောင်ဖြစ်တာ၊ ယားယံတာ၊ ခြောက်သွေ့ဖြစ်စေတာတွေ ခံစားရပါက အသုံးမပြုသင့်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, February 2014, Pg. 175



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18