ဆံပင်သားကောင်းမွန်ခြင်းကအစ သန့်ရှင်းခြင်းက
31-Mar-2017အခုခေတ်မှာဆံပင်နဲ့ပတ်သက်တဲ့အလှကုန်ပစ္စည်းတွေအမြောက်အမြားပေါ်ထွက်လာတာကြောင့်ဘယ်လိုအမျိုးအစားကိုုအသုံးပြုရမလဲဆိုပြီးဇဝေဇဝါဖြစ်တတ်ပါတယ်။တကယ်တော့ ဆံပင်သားကောင်းမွန်မှုအတွက် သန့်ရှင်းစင်ကြယ်မှု၊ပြုပြင်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းတွေရှိ
ဖို့က အရေးအကြီးဆုံးပါပဲ။
ဆံပင်သန့်ရှင်းစင်ကြယ်စေဖို့ခေါင်းလျှော်ရည်ကိုအသုံးပြုကြရပါတယ်၊ခေါင်းလျှော်ရည်အများစုကတော့ ဆံပင်သားမှာ တွယ်ကပ်နေတဲ့ အညစ်အကြေးတွေနဲ့ အဆီပိုတွေကို ဖယ်ထုတ်သန့်စင်ဖို့ ဖော်စပ်ထားကြတာဖြစ်ပါတယ်။
Mild Shampoo လို့ခေါ်တဲ့ အပျော့စားခေါင်းလျှော်ရည်တွေက ထိခိုက်လွယ်တဲ့ ဦးရေပြားရှိသူတွေနဲ့မကြာခဏခေါင်းလျှော်သူတွေသုံးဖို့သင့်ပါတယ်။တခြားခေါင်းလျှော်ရည်အမျိုးအစားတွေထဲမှာ ဆံပင်သားပြုပြင်တဲ့ဆေးရည်တွေပါတဲ့ Conditioner တို့၊Volumizers ခေါင်းလျှော်ရည်တို့ကတော့ ဆံပင်အုံကိုထူထဲပြီး ချောမွေ့စေပါတယ်။
Credit : ဆံကေသာအကြောင်းသိကောင်းဖွယ်ရာ Pg 29