Print

ဆံပင်သားလှပရေးအတွက် မီးဖိုချောင်ကုထုံးများ

  12-May-2017
Preview Image


(၁) ကြက်ဥ၊ ဘဲဥ

ထိခိုက်နေတဲ့ ဆံခြည်မျှင်အိတ်တွေ ပြန်လည်သန်စွမ်းကျန်းမာစေဖို့ ကြက်ဥ ဒါမှမဟုတ် ဘဲဥနှစ်လုံးကို ပန်းကန်လုံး တစ်လုံးထဲထည့်ကာ မွှေပါ။ အဲဒီကြက်ဥ၊ ဘဲဥကို ခေါင်းလျှော်ပြီးချိန်မှာ ကွန်ဒီရှင်နာအဖြစ် အသုံးပြုပါ။ ကြက်ဥ၊ ဘဲဥ လိမ်းပြီး အချိန်တစ်မိနစ် နှစ်မိနစ်ခန့်ထားပြီးမှ ရေနဲ့ဆေးကြောချလိုက်ပါ။ ဆံပင်သားတောက်ပပြီး နူးည့ံပျော့ပျောင်းသွားတာကို တွေ့ရပါလိမ့်မယ်။


(၂) ငှက်ပျောသီး

ငှက်ပျောသီးထဲမှာပါတဲ့ ပိုတက်ဆီယမ်ဓာတ်က လေမှုတ်စက်သုံးတာနဲ့ ဓာတုပစ္စည်းတွေ ထိတွေ့တာတို့ကြောင့် ဆံပင်သားခြောက်သွေ့ပျက်စီးမှုကို သက်သာစေပါတယ်။ ငှက်ပျောသီးအမှည့် တစ်လုံးကို ချောမွေ့တဲ့ အနှစ်ရတဲ့အထိ ကြိတ်ခြေပြီး ဆံပင်သားအနှံ့လိမ်းကာ ဦးရေပြားကို နှိပ်ပေးပါ။ ဆံပင်သားကို ရေနဲ့ ဆေးမချခင် အချိန် ၁၅ မိနစ်လောက်ထားပါ။ ဆံပင်သားကို ကျန်းမာစေတဲ့ နည်းဖြစ်ပါတယ်။


(၃) မရေနိစ် (Mayonnaise) 

ပေါင်မုန့်တွေမှာ သုတ်ပြီး စားလေ့ရှိတဲ့၊ အရွက်သုပ်ရာမှာ ထည့်စားတဲ့ မရောနိစ်က ခြောက်သွေ့နေတဲ့ ဆံပင်သားကို ကျန်းမာလှပစေပါတယ်။ မရောနိစ်ကို ဦးရေပြားနေရာအထိ လိမ်းပြီး နှိပ်နယ်ပေးပါ။ အချိန် ၁၅ မိနစ်ကြာမှသာ ပုံမှန်အတိုင်း ခေါင်းလျှော်ပေးပါ။


ဆံပင်ထူထဲလှပစေမည့် အစာများ

ခေါင်းလျှော်ရည်နှင့် မတည့်တာကြောင့်၊ အသုံးပြုတဲ့ ဆံပင်သုံးပစ္စည်းတွေထဲက ဓာတုပစ္စည်း တွေကြောင့်စတဲ့ အကြောင်းတွေကြောင့် ဆံပင်တွေကျဲပါးလာတတ်ပါတယ်။ ဆံကေသာ ကျန်းမာရေးအတွက် နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေကတော့ အစားအသောက်တွေကလည်း အရေးပါနေပါတယ်။ ဒါကြောင့် ဆံပင်သားထူထဲလှပအောင် အစာစားရမှာ လိုက်နာသင့်တဲ့ နည်းတွေကို အကြံပြုလိုက်ပါတယ်။


(၁) ဆယ်လ်မွန်ငါး များများစားပါ

ဆယ်လ်မွန်ငါးနဲ့ ဆာဒင်းငါးတွေလို အိုမီဂါသရီးများများပါတဲ့ အစားအစာတွေကို စားပေးတာက ဆံပင်သားကို တောက်ပစေပါတယ်။ တကယ်လို့ အိုမီဂါသရီးပါတဲ့ အစာကိုမစားဖြစ်ရင် အိုမီဂါသရီးဖြည့်စွက် ဆေးကို မှီဝဲသင့်ပါတယ်။


(၂) ဗီတာမင်ဘီပါသော အစာမှီဝဲပါ

အခွံချွတ်မထားတဲ့ ဆန်လုံးညိုမှာ ဗီတာမင်ဘီပေါများစွာ ပါဝင်တာကြောင့် ဆံပင်အကျွတ်များနေသူ တွေမှာ ဆံပင်ကျွတ်နှုန်းနှေးစေပြီး ဆံပင်ပြန်ပေါက်စေနိုင်ပါတယ်။ တခြားဗီတာမင်ပေါများစွာ ပါဝင်တဲ့ အစားအစာတွေက ပဲအမျိုးမျိုး၊ ပဲသီးစိမ်း၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ပဲပိစပ်၊ ပဲပုပ်ပဲ၊ အခွံမာသီးနဲ့ ဥအမျိုးမျိုးတို့ပဲ ဖြစ်ကြပါတယ်။


(၃) ထောပတ်သီးစားပါ

ထောပတ်သီးနဲ့ ထောပတ်ဆီတွေက ဆံချည်မျှင်အိတ်တွေ ထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။


(၄) တိရိစ္ဆာန်ထွက်အဆီ မစားပါနှင့်

အနီရောင်အသားနဲ့ တိရစ္ဆာန်အဆီတွေက ဆံပင်သားကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ဒီအစာတွေကို စားရင် ဆံပင်သားကနေ DHT (dihydrotestosterone) ထုတ်လုပ်မှုများဖြစ်စေပြီး ဆံခြည်မျှင်အိတ်တွေကို ထိခိုက်စေနိုင်တာကြောင့် ဆံပင်ကျွတ်စေပါတယ်။ ဒါကြောင့် တိရိစ္ဆာန်ထွက် အဆီတွေကို တတ်နိုင်သမျှ ရှောင်ပါ။


(၅) လက်ဖက်စိမ်း လက်ဖက်ရည်သောက်ပါ

လက်ဖက်စိမ်းလက်ဖက်ရည်ကို သောက်တာက ဦးရေပြားရှိ ဗောက်ဖြစ်စေတဲ့ မှိုတွေကို သေစေနိုင်ပါ တယ်။ လက်ဖက်စိမ်းလက်ဖက်ရည်ဟာဆံပင်ကျွတ်နှုန်းကိုလည်း နှေးစေတဲ့ အစွမ်းရှိတာကြောင့် နေ့စဉ်မှန်မှန် သောက်ပေးသင့်တာဖြစ်ပါတယ်။


Credit:

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18