မျက်လုံးအလှပြင်ခြင်းကြောင့် မျက်လုံးကျန်းမာရေး မထိခိုက်အောင် ဘာလုပ်မလဲ...
19-May-2017မိန်းကလေးအများစုက မျက်လုံးအလှကို မက်မောကြတဲ့အတွက် မျက်လုံးအလှပြင်ရာမှာ မျက်တောင်ကော့ခြင်း၊ မျက်ခွံကို အရောင်ဆိုးခြင်းတို့ကို လုပ်လေ့ရှိပါတယ်။ ဒါဟာ အမြင်လွှာကို ထိခိုက်နိုင်သလိုမျိုး မျက်လုံးကျန်းမာရေးကို ထိခိုက်စေတာကြောင့် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်တွေကို ဖော်ပြပေးလို်က်ပါသည်။
အကြာကြီး မသိမ်းထားနဲ့
ဝယ်ယူထားတာကြာပြီဖြစ်တဲ့ အလှပြင်ပစ္စည်းတွေကို အကြာကြီး မသိမ်းထားပါနှင့်။ မသုံးဖြစ်တာ လအတော်ကြာနေပြီဆိုရင်တော့ စွန့်ပစ်လိုက်ပါ။ မျက်တောင်ကော့တဲ့ Mascara ကိုတော့ အတွင်းပိုင်းက အရည်ခြောက်သွေ့နေပြီဆိုရင် မသုံးပါနဲ့။
ဒါမှမဟုတ် လေးလတစ်ကြိမ်ဖြစ်စေ၊ အတွင်းထဲက အရည်ခြောက်သွေ့သွားရင်ဖြစ်စေ စွန့်ပစ်ပါ။ စတင်သုံးစွဲတဲ့ရက်ကို အမှတ်အသား ပြုလုပ်တဲ့အကျင့်လုပ်ပါ။
အေးတဲ့နေရာမှာထားပါ။
အလှကုန်တွေကို အပူချိန် ၈၅ ရာခိုင်နှုန်းနှင့် အဲဒီ အပူချိန်အောက်မှာပဲ ထားပါ။ အဲယားကွန်းခန်းထဲ ဒါမှမဟုတ် ရေချိုးခန်း၊ ရေခဲသေတ္တာလိုနေရာမှာ သိမ်းထားမယ်လို့တော့ မဆိုလိုပါဘူး။
အလှပြင်ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်စီခွဲသုံးပါ။
မျက်လုံးအတွက် အသုံးပြုတဲ့ ပစ္စည်းကို မျက်လုံးကိုပဲသုံးပါ။ ဒီလိုပဲ နှုတ်ခမ်းမှာ သုံးတာကို ပါးမှာသုံးတာ၊ မျက်လုံးမှာသုံးတာမျိုးကိုရှောင်ပါ။ တစ်နေရာမှာရှိတဲ့ ဘက်တီးရီးယားကို အခြားတစ်နေရာကို ကူးသွားစေနိုင်ပါတယ်။
အခြားသူနဲ့ မျှမသုံးပါနဲ့။
ကိုယ့်ရဲ့အလှကုန်ကို သူငယ်ချင်းတွေနဲ့ မျှမသုံးပါနဲ့။ သူ့ဆီက ဘက်တီးရီးယားက ကိုယ့်ဆီကို ကူးလာနိုင်ပါတယ်။ သူ့မျက်လုံးမှာ မျက်စိနာစေတဲ့ ပိုးရှိနေရင် ကိုယ့်ဆီကို ကူးလာစေတာမျိုး ဖြစ်နိုင်ပါတယ်။
လက်ဆေးပါ
မျက်လုံးကို အလှပြင်တာ မလုပ်ခင်မှာ ကိုယ့်လက်ကို ဆေးကြောပါ။ လက်က အလှကုန်တွေအပြင် အလှကုန်ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်၊ ခုံစတာတွေကို ကိုင်ထားတာမျိုးလည်း ဖြစ်ခဲ့ရင် ဖုန်၊ ဘက်တီးရီးယားတွေ မျက်လုံးတွင်းကို ဝင်စေနိုင်ပါတယ်။ မျက်လုံးကိုခြယ်သတဲ့ Brush တွေကို ဆေးကြောတာဖြစ်စေ၊ အသစ်လဲတာမျိုးဖြစ်စေ မကြာခဏလုပ်ပေးပါ။
Credit:
သစ်ထူးလွင်