နွေရာသီမှာ ကိုယ်အလေးချိန်ချလိုသူများအတွက် အကြံပြုချက်
02-Jun-2017မနက်စောစောထပါ
နွေရာသီမနက်ခင်းမှာ အိပ်ရာက စောစောထပြီး လေ့ကျင့်ခန်းလုပ်ရတာလောက် ပျော်စရာကောင်းတာ မရှိပါဘူး။ ကယ်လိုရီတွေ လောင်ကျွမ်းစေရုံသာမက နွေဦးလေအေးအေးကို ရှုရှိုက်ရတာကြောင့် အောက်စီဂျင် လုံလုံလောက်လောက်ရရှိပြီး သွေးလည်ပတ်မှုကောင်းကာ အဆုတ်အတွက်လည်း အကျိုးရှိပါတယ်။ မနက်ခင်းလေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် နေ့လယ်ခင်းအချိန်မှာ မလုပ်မိဖို့တော့ သတိထားရမှာပါ။ ဘာလို့လဲဆိုတော့ နေရောင်ပြင်းတာကြောင့် ရေဓာတ်ဆုံးရှုံးမှု ပိုများတတ်လို့ဖြစ်ပါတယ်။
ကျန်းမာရေးနှင့် ညီညွတ်တဲ့ မနက်စာ စားပါ
နွေရာသီရောက်တဲ့အခါ လူအတော်များများရဲ့ အချိန်ဇယားဟာ ပိုပြီး ရှုပ်ထွေးတတ်လို့ မနက်စာစားဖို့ အချိန်မရှိတာမျိုး ဖြစ်တတ်ပါတယ်။ တကယ်တော့ မနက်စာစားတာဟာ နေ့တစ်နေ့ရဲ့ ပုံမှန်အချိန်ဇယားထဲမှာ မပါမဖြစ်ပါသင့်တဲ့ အချိန်တစ်ခုဖြစ်လို့ အာဟာရပြည့်ဝစွာ နေ့တစ်နေ့ကို စတင်တာဟာ တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေပြီး ဇီဝရုပ်ဖြစ်ပျက်မှုကို အားပေးကာ စွမ်းအင်ပြည့်ဝစေပါတယ်။ ကိုယ်အလေးချိန်ကျဖို့ ကူညီပေးနိုင်တာကြောင့် နေ့တိုင်းမပျက်မကွက် စားပေးပါ။
ရေဓာတ်ဖြည့်ပြီး ကိုယ်အလေးချိန်ချပါ
နွေရာသီမှာ ခန္ဓာကိုယ်က ရေဓာတ်လုံလုံလောက်လောက် ရရှိဖို့အရေးကြီးပါတယ်။ ဒါမှကိုယ်တွင်းမှာ ဖြစ်နေတဲ့အပူချိန်ကို လျှော့ချနိုင်ပြီး ဇီဝရုပ်ဖြစ်ပျက်မှုလည်း မြန်ဆန်မှာ ဖြစ်ပါတယ်။ အစာစားချိန်တစ်ခုနှင့် တစ်ခုကြားမှာ ရေများများသောက်ပါ။ ဒီတော့ ကိုယ်အလေးချိန်ချလိုသူတွေအတွက် နွေရာသီက အကောင်းဆုံးအချိန်ပါပဲ။
နေ့လည်စာကို အပြင်ထွက်စားပါ
နေ့လည်စာစားတဲ့အခါ ရုံးထဲမှာပဲ အချိန်ကုန်တာကို ခဏရပ်တန့်ပြီး အပြင်ထွက်စားမယ့် အစီအစဉ်ကို စိတ်ကူးကြည့်ပါ။ နွေရာသီရဲ့ နေရောင်နွေးနွေးကို ခံစားရမယ့်အပြင် လမ်းလျှောက်ဖြစ်တာကြောင့် လေ့ကျင့်ခန်းလုပ်သလိုဖြစ်စေပါတယ်။ တစ်ယောက်ထဲ ထွက်စားတာနဲ့စာရင် အပေါင်းအသင်းတွေနှင့် အတူတကွ ဝိုင်းဖွဲ့ စားသောက်တာက ပျော်စရာလည်းကောင်းပြီး အလုပ်မှာ ခံစနေရတဲ့ စိတ်ဖိစီးမှုတွေ မေ့သွားမှာ သေချာပါတယ်။
အရွယ်အစားငယ်သည့် ပန်းကန်နှင့် စားပါ
ကော်ရယ်လ်တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ ပန်းကန် ၁၀-၁၂ လက်မရှိတဲ့ ပန်းကန်နဲ့ ညစာစားတဲ့သူတစ်ဦးဟာ တခြားသူနဲ့စာရင် ၂၀-၂၂ ရာခိုင်နှုန်းခန့် အစားများများစားမိတာမှ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ဒါဟာ တစ်လအတွင်း ကိုယ်အလေးချိန် နှစ်ပေါင်းနီးပါးခန့် ကျဆင်းစေမယ့် လက္ခဏာပဲ ဖြစ်ပါတယ်။ ဒီတော့ အစားလည်းအစုံစားပြီး ကိုယ်အလေးချိန်ထိန်းချင်တော့ ပန်းကန်အသေးတစ်ချပ်ကိုသာ ဆောင်ထားလိုက်ပါတော့ ။
Credit:
Arogyam magazine