ဆံသားခြောက်သွေ့ပြီး အဖျားနှစ်ခွဖြစ်ခြင်းမှ သက်သာစေရန်
23-Jun-2017
ဆံသားခြောက်သွေ့ပြီး အဖျားနှစ်ခွ ဖြစ်နေသူတွေအတွက် ဆီကို အသုံးပြုပြီး ဆံသားကို ပြုပြင်ပေးနိုင်ပါတယ်။ အုန်းဆီ၊ သံလွင်ဆီ၊ ဗာဒံစေ့ဆီ စတာတွေကို အသုံးပြုနိုင်ပါတယ်။
နည်းလမ်း (၁)
ဆံသားအနံ့ ဆီကို သေချာစွာလိမ်းပြီး ခေါင်းပေါ်ကို ဆံပင်တွေ လိပ်တင်ပါ။ အပူပေးထားတဲ့ တဘက်နဲ့ ဆံပင်တွေ အားလုံးကို ဖုံးအုပ်ပြီး ပေါင်းထားပါ။ ၁၀-၁၅မိနစ် ထားပြီးမှ လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်ပါ။ ခေါင်းလျှော်တဲ့အခါ ဦးခေါင်းကို ညင်သာစွာ နှိပ်နယ်ပါ။
နည်းလမ်း (၂)
ဆံသားအနှံ့ ဆီလိမ်းပြီး ကျစ်ဆံမြီးကျစ်ထားပါ။ ဆံပင်ကို သုံးခုခွဲပြီး ကျစ်တာထက် အချောင်းသေးသေးလေးတွေ ဖြစ်အောင် အများကြီးခွဲကျစ်ပါ။ ကျစ်ဆံမြီးကျစ်တဲ့အခါ ဆံသားအဖျားတွေကို အတွင်းဘက်ကိုထည့်ပြီး ကျစ်ပါ။ ၁၅ မိနစ်ထားပြီးမှ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ ဦးခေါင်းကို ညင်သာစွာ နှိပ်နယ်ပြီး လျှော်ပါ။
နည်းလမ်း (၃)
သင့်အနေနဲ့ ဆံသားအနှံ့ ဆီလိမ်းပြီး ဆံပင်ကို ပေါင်းထားဖို့ဈ ကျစ်ဆံပြီးကျစ်ဖို့ အချိန်မရှိခဲ့ရင် လျှော်နေကျခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချိန်မှာပဲ ဆီအနည်းငယ်ထည့်ပြီး ညင်သာစွာ နှိပ်နယ်ပြီး လျှော်ပါ။
Credit:
Arogyam magazine
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

