Print

ကိုယ်နေဟန်ထား အချိုးကျလှပစေရန် ကိုယ်ခန္ဓာအား ပြုပြင်ခြင်း

  27-Oct-2017
Preview Image


 မိမိရဲ့ခန္ဓာကိုယ် အချိုးအစားနဲ့ ပုံပန်းသဏ္ဍာန် ဘယ်လိုပဲဖြစ်နေပါစေ။ ကိုယ်ကိုမတ်ထားမယ်ဆိုရင် ကြည့်လို့ကောင်းသွားမှာပါ။ မတ်မတ်လေး နေမယ်၊ လမ်းကိုလည်း မှန်မှန်ကန်ကန်လျှောက်မယ်ဆိုရင် ခန္ဓာကိုယ် အလေးချိန် ၅ ပေါင်လောက် လျော့သွားသလို ထင်ရမှာဖြစ်တယ်။ တကယ်တော့ ကောင်းမွန် မှန်ကန်တဲ့ ပုံစံနဲ့ နေထိုင်သွားမယ်ဆိုရင် အရပ်အမောင်း မြင့်လာပြီး သန်စွမ်းတဲ့ ပုံမျိုးနဲ့ ကျော့ကျော့မော့မော့ မြင်တွေ့နိုင်ရုံမကဘဲ ကျောရိုး၊ လည်ပင်းနဲ့ လည်ကုပ်နာကျင် ကိုက်ခဲတာတွေကို လျော့ပါးစေနိုင်သလို ဝမ်းဗိုက်ကြွက်သားတွေကိုလည်း သန်မာစေပြီး မောပန်းနွမ်းနယ်မှုနဲ့ သွေးလည်ပတ်မှုတွေကိုပါ ကောင်းမွန်စေနိုင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။


 မိမိရဲ့ ကိုယ်နေဟန်ထားက ကောင်းတယ်လို့ ထင်ရင်ခါတိုင်းပုံမှန်ရပ်သလို ရပ်ပြီးခြေဖနောင့်ကို နံရံမှာထိထားပါ။ ပြီးတော့ ပခုံး၊ ကျောကုန်း၊ တင်ပါးနဲ့ ခေါင်းအနောက်ဘက်ကိုလည်း နံရံနဲ့ ထိထားပြီး လက်ကို ကျောကုန်းနဲ့ နံရံကြားကို လျှိုသွင်းကြည့်ပါ။ ဒီလိုစစ်ကြည့်တဲ့အခါမှာ မိမိရဲ့ကိုယ်ဟန် အနေအထားက ထင်သလို မဟုတ်ဘဲ ရှိနေတာကို တွေ့ရပါလိမ့်မယ်။ 


ကိုယ်ဟန်အနေအထားကောင်းမွန်စေရန် နည်းလမ်းများ

• ထိုင်တဲ့အခါမှာ ချက် (navel) ကို ကျောရိုး (spine) ဘက်ကို သွင်းပြီး ခန္ဓာကိုယ်အပေါ်ပိုင်း (torso) တည့်မတ်နေစေဖို့ ဆန့်တန်းထားပါ။

• အကြာကြီး မတ်တပ်ရပ်တဲ့အခါမှာ ဝမ်းဗိုက်ကြွက်သား (abdominal muscels) တွေ ကျောရိုးဘက် ဆွဲသွင်းထားပြီး တင်ပါးကို ရှေ့ဘက်အနည်းငယ် ယိမ်းထားကာ ဒူးကိုလည်း ဖျော့ထားပါ။

• လေ့ကျင့်ခန်းမှန်မှန်လုပ်တာ ကိုယ်နေဟန်ထားကို ပိုမိုအချိုးကျ စေနိုင်ပါတယ်။ ဒါပေမဲ့ နည်းလမ်းမှန်နဲ့ စနစ်တကျဖြစ်ဖို့တော့ လိုပါတယ်။ အထူးသဖြင့် အားကစားပစ္စည်းများနဲ့ အားကစားရုံမှာ ကစားတဲ့အခါမှာ ဖြစ်ပါတယ်။ 

• ထိုင်ခုံနဲ့ ထိုင်တဲ့အခါမှာ နောက်ကျောကို အထောက်အကူဖြစ်စေတဲ့ ကျောမှီနဲ့ ခုထားပြီး ခြေထောက်ကိုလည်း ကြမ်းပြင်ပေါ် အပြားလိုက်ချထားဖို့ လိုပါတယ်။


Credit: နန်းအိအိဇာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18