နှုတ်ခမ်းများမှတဆင့် သင့်ကျန်းမာရေးအကြောင်းကို ပြောပြနေတဲ့အချက်များ
31-May-2020၁- နှုတ်ခမ်းထောင့်မှ
အက်ကွဲရာများ
တံထွေးတွေ
သင့်ရဲ ့နှုတ်ခမ်းထောင့်နေရာတွေမှာ စုမိသွားတဲ့အခါ
အရေပြားကို ခြောက်စေပြီး ကွဲအက်စေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နှုတ်ခမ်းကို လျှာနဲ
့လျက်တဲ့အခါ နှုတ်ခမ်းထောင့်တွေဟာ ပူနွေးစိုစွတ်လာတာကြောင့် ပိုးတွေပေါက်ဖွားဖို့အခြေအနေတွေကို
ဖန်တီးလိုက်သလိုဖြစ်သွားနိုင်ပါတယ်။
၂-ခြောက်သွေ့ကြမ်းတမ်းသော
နှုတ်ခမ်းများ
နှုတ်ခမ်းတွေခြောက်နေတာဟာ
ခန္ဓာကိုယ်မှာ အစိုဓာတ်နည်းပါးနေတာကို ညွှန်ပြနေပါတယ်။ ဒါဟာ ရာသီဥတု သို့မဟုတ် စိတ်ဖိစီးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ရေများများသောက်တာတို့၊ အစိုဓာတ်ထိန်းပေးတဲ့ ခရင်မ်တွေလိမ်းတာတို
့လုပ်ပေးပါ။ အလာဂျစ်ဓာတ်မတည့်တာမျိုးရှိတဲ့အခါမှာလည်း နှုတ်ခမ်းတွေကြမ်းတမ်းနိုင်ပါတယ်။
သင့်မှာ အခြားဓာတ်မတည့်တဲ့လက္ခဏာတွေ (ဥပမာ ယားယံတာတွေ) ရှိသလား သတိထားကြည့်ပါ။
၃-နှုတ်ခမ်းပေါ်က အဖုသေးသေးလေးများ
ဒီအဖုလေးတွေဟာ
နာတာ သို့မဟုတ် ကသိကအောက်ဖြစ်တာတို့ဖြစ်နိုင်ပေမယ့် များသောအားဖြင့်အန္တရာယ်မရှိသလို
ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတတ်ပါတယ်။ အစားအစာဓာတ်မတည့်တဲ့အခြေအနေမျိုးမှာ ဒီလိုအဖုလေးတွေပေါက်နိုင်သလို
ရှားပါးတဲ့အခြေအနေမျိုးဖြစ်တဲ့ ရေယုန်ဗိုင်းရပ်စ်ပိုးဝင်တဲ့အခါမှာလည်းပေါက်နိုင်ပါတယ်။
အဲဒီလိုအခြေအနေမျိုးမှာတော့ သင့်တော်တဲ့ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။
၄- နှုတ်ခမ်းပတ်ပတ်လည်က
အနီရောင်အဝိုင်း
နှုတ်ခမ်းပတ်ပတ်လည်မှာ
အနီရောင်အဝိုင်းတွေ အဖြစ်များတဲ့အကြောင်းအရင်းကတော့ နှုတ်ခမ်းကို မကြာခဏလျက်တဲ့သူတွေဖြစ်တတ်တဲ့
အရေပြားရောင်ရမ်းခြင်းကြောင့်ပါ။ နှုတ်ခမ်းကို မကြာခဏလျက်ခြင်းဟာ နှုတ်ခမ်းပတ်လည်က
အရေပြားရဲ့သဘာဝအဆီတွေကိုခမ်းခြောက်စေပြီး အရေပြားနီတာ၊ယားတာတွေဖြစ်စေပါတယ်။
၅- အပေါ်နှုတ်ခမ်းကအရေတွန်
့များ
သင်ဟာ
အပေါ်နှုတ်ခမ်းပေါ်က အတွန့်တွေကိုသတိထားမိတယ်ဆိုရင် ဒါဟာ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ
အကြောင်းရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဖျော်ရည်ပိုက်ကို အသုံးပြုပြီး ဖျော်ရည်အများကြီး
စုပ်သောက်တာတွေ သို့မဟုတ် စိတ်ဖိစီးမှုများလို့ဆေးလိပ်အလွန်အကျွ ံသောက်တာတွေ စတဲ့အကျင့်ဆိုးတွေကို
သတိထားပေးပါ။
၆-နှုတ်ခမ်းအရောင်ပြောင်းခြင်း
အပြာရောင်နှုတ်ခမ်းတွေဟာ သွေးထဲမှာအောက်ဆီဂျင်နည်းနေတာကို
ညွှန်ပြနေတာဖြစ်ပြီး လက်ချောင်းတွေ ခြေချောင်းတွေမှာလည်း ပြာနေတတ်ပါတယ်။
နှုတ်ခမ်းတွေဖြူဖျော့နေတာက သွေးအားနည်းတာကို ညွှန်ပြနေပြီး
ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ သွေးသကြားဓာတ်နည်းတာတို့၊သွေးလည်ပတ်မှုမှာပြဿနာရှိတာတို
့နဲ့ ဗီတာမင်ချို့တဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။
၇-နှုတ်ခမ်းရောင်ခြင်း
နှုတ်ခမ်းရောင်တာဟာ ဓာတ်မတည့်ခြင်းရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။
တကယ်လို့အလှကုန်ပစ္စည်းတွေ သုံးရင်းနဲ့နှုတ်ခမ်းကပိုကြီးလာခဲ့တာမျိုးရှိရင် အဲဒီအမျိုးအစားတွေကို
ဆက်မသုံးသင့်ပါဘူး။ ဓာတ်မတည့်လို့ဖြစ်တာဆိုရင်တော့ ဆရာဝန်နဲ့ပြသင့်ပါတယ်။
၈-
နှုတ်ခမ်းပေါ်က အနက်ရောင်အစက်များ
နှုတ်ခမ်းပေါ်မှာ အနက်ရောင်အစက်တွေဖြစ်ပေါ်ရတဲ့အကြောင်းအရင်းအမျိုးမျိုးရှိနိုင်ပါတယ်။
အကောင်းဆုံးကတော့ ဆရာဝန်ဆီသွားပြီး ရောဂါအဖြေကိုရှာကြည့်ပါ။
ရောင်ခြယ်ပစ္စည်းပါဝင်မှုများခြင်း
(hyperpigmentation) ဟာ အညိုရောင်အကွက်တွေကိုဖြစ်စေနိုင်တဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။
ဒါဟာနှုတ်ခမ်းတွေပေါ်မှာသာမကပဲ ပါးတွေ၊နှာခေါင်းတွေနဲ့နဖူးပေါ်မှာလည်း တွေ့ရတတ်ပါတယ်။
နေရောင်ကြောင့်ဖြစ်တဲ့ အစက်တွေကလည်း အကြောင်းအရင်းတစ်ခုပါပဲ။
တကယ်လို့ ကင်ဆာအကြိုအဆင့်လို့ထင်ခဲ့တယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့အရေးကြီးပါတယ်။
Dr. MMO
Ref: Brightside