မျက်နှာပေါင်းတင်လွှာသုံးသင့်တဲ့အကြောင်းရင်း
30-Oct-2016
မျက်နှာပေါင်းတင်လွှာတွေဟာ အရေပြားဆဲလ်သေတွေ၊ ဆားဝက်ခြံတွေကို ဖယ်ရှားပြီး မျက်နှာ အရေပြားကို စိုပြည်ချောမွေ့နေ စေပြီး အဆီပြန်တဲ့ အသားအရေတွေ၊ ဝက်ခြံများတဲ့သူတွေအတွက် ကောင်းကျိုးပြုပါတယ်။
အသင့်သုံး မျက်နှာပေါင်းတင်လွှာ အမျိုးမျိုး ဝယ်ပြီးတော့ပဲ ဖြစ်ဖြစ်၊ အိမ်မှာပဲကိုယ်တိုင်ပေါင်းတင်လွှာလေးတွေ လုပ်ပြီးတော့ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ ပေါင်းတင်နိုင်တာကြောင့် တွင်တွင်ကျယ်ကျယ် လုပ်လာနေကြပါပြီ။ မျက်နှာပေါင်းတင်အရည်သုတ်လိမ်းပြီး ၁၅ မိနစ်လောက်နေရင် ခြောက်သွားတဲ့အတွက် အဖတ်တွေ ခွာချလိုက်တဲ့အခါချွေးပေါက်တွေပွင့်ပြီး မျက်နှာအရေပြား လန်းဆန်းစိုပြည်စေပါတယ်။ မျက်နှာပေါ်မှာရှိနေတဲ့ ဖုန် နဲ့ အညစ်အကြေးတွေ၊ အရေပြား ဆဲလ်သေတွေဖယ်လိုက်သလို ဖြစ်တဲ့အတွက် ဆားဝက်ခြံသမား တွေလုပ်သင့်တယ်လို့ဆိုပါ တယ်။ ပေါင်းတင်လွှာထဲက အရေ ပြား အားဖြည့်ဓာတ်တွေဟာ မျက်နှာထဲကို စိမ့်ဝင်သွားတဲ့အတွက် အသားအရေ တင်းရင်းကာ ဖြူ ဝင်းနုပျိုစေပါတယ်။
နောက်ပြီးချွေးပေါက်တွေ ကတစ်ဆင့် အရေပြားထဲဝင်မယ့် ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးပြီး ဒီလိုပေါင်းတင် တာဟာ အကြမ်းမခံနိုင်တဲ့အရေ ပြား (Sensitive Skin)ပိုင်ရှင်တွေအတွက်လည်း သင့်တော်ပါတယ်။ မျက်နှာမှာမွေးညင်းထူတဲ့ သူတွေအတွက် ဆိုရင်လည်း ပေါင်းတင်လွှာ မကြာခဏသုတ် လိမ်းပြီး အမွှေးတွေကိုဖယ်ရှားနိုင်ပါတယ်။ မျက်နှာအရေပြားညစ်ထပ် ထပ်ဖြစ်နေရင်လည်း အလှပြင်ဆိုင်တွေမသွားဘဲ အိမ်မှာပဲ ပေါင်းတင်အရည်လေးနဲ့ လုပ်ပေးရင် အသားအရေတွေ ကြည်စင်စေပါတယ်။
Healthcare.com.mm
Ref:
stylecraze
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

