ဝိတ်ချရတဲ့အကြောင်းအရင်းများ
30-Jul-2018
ဝိတ်တက်လာပြီးရင်
ကိုယ်အလေးချိန်ချရတာ၊ ကျလာပြန်လည်း ပြန်မတက်အောင် ထိန်းရတာ အတော်နှေးကွေး ခက်ခဲတတ်ပါတယ်။
အကောင်းဆုံးကတော့ အစားလုံလောက်ရုံ အသင့်အတင့်စား၊ လေ့ကျင့်ခန်းမှန်မှန်လုပ်၊ အကြာကြီးထိုင်တာရှောင်၊
သွက်လက်လှုပ်ရှားတဲ့ လူနေမှုစတိုင်အတိုင်းနေပြီး အစကတည်းက ကိုယ်အလေးချိန် မတက်အောင်
ကာကွယ်ထားသင့်တာပါ။ အဝလွန်သူတွေမှာ အဝလွန်ကဲလာတာဟာ ကျားရော၊ မ ပါ အကြောင်းအရင်းအမျိုးမျိုးကြောင့်
ဖြစ်နိုင်တယ်။ တချို့ဆို အဝလွန်နေမှန်း သိတယ်။ အဝလွန်ခြင်းရဲ့ ဆိုးကျိုးတွေလည်း ခံစားနေရလို့
ဝိတ်ချပေမဲ့ အောင်မြင်စွာ ဝိတ်မချနိုင်လို့ စိတ်ဓာတ်ကျတာ၊ ကိုယ်အလေးချိန် ဆက်မချတော့ဘဲ
ဒုံရင်းဒုံရင်းဖြစ်ကာ အဝလွန်သံသရာက ရုန်းမထွက်နိုင်တော့ဘူး။ အဲဒီတော့ ဝိတ်ချလို့ မရတဲ့
အပြုအမှုမှားတွေကို လေ့လာလိုက်တဲ့အခါ။
(၁) စိတ်ဖိအား
အလွန်အမင်း ဖိစီးခြင်း
(၂) ကယ်လိုရီအပါများတာ
စားနေမိခြင်း
(၃) ညနေ ၆ နာရီနောက်ပိုင်း
အစာစားခြင်း
(၄) အိပ်ရေးမဝခြင်း
(၅) အစားအသောက်
ရှောင်လွန်းခြင်း
(၆) အားကစားလုပ်တာ
အလွန်အကျွံပြုလုပ်ခြင်း
(၇) အစားအလွန်စားလွန်းနေခြင်း
(၈) ရေအသောက်များခြင်း
(သို့) အသောက်နည်းခြင်း
(၉) အစာအိမ်ပြဿနာနဲ့
အစာခြေဖျက်မှု ပြဿနာရှိနေခြင်း တို့ဖြစ်ပါသည်။
Credit: ဒေါက်တာအေးမြချယ်
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

