သက်မဲ့အဖော် လွှမ်းမိုးသူမဖြစ်စေရ
21-Apr-2026
သက်မဲ့အဖော် လွှမ်းမိုးသူမဖြစ်စေရ
+++++++++++++++++++++
AI ခေတ်တစ်ခုအတွင်း လူသားတို့၏လူနေမှုစနစ်များ၊ လူမှုစီးပွားပြောင်းလဲတိုးတက်မှုများနှင့်အတူ မကူးစက်တတ်သောရောဂါများ (Non communicable diseases)များဆိုးရွားစွာဖြစ်ပေါ်လာပါသည်။ နှလုံးသွေးကြောဆိုင်ရာရောဂါများက ဦးစားပေးရောဂါတစ်ရပ်အဖြစ်ရပ်တည်ပြီး ကင်ဆာရောဂါအမျိုးမျိုးက ဒုတိယလိုက်ပါတယ်။ ဖုန်းသုံးစွဲမှု၊ အင်တာနက်မှ social media များ၊ mobile game များအားအသုံးပြုမှု screen time လည်းများလာသဖြင့် ကင်ဆာကဲ့သိုအလားတူ mobile phone addiction ဖြစ်လာကြပြီး ကျန်းမာရေးထိခိုက်မှုများရှိလာကြပါသည်။
ဖုန်းထဲကဗဟုသုတဖြစ်ဖွယ်ရာအချက်အလက်ရယူနိုင်မှု တိုးတက်လာသဖြင့် ယခုကျန်းမာရေးဆောင်းပါးများ၊ ရောဂါအကြောင်းကျန်းမာရေးဗဟုသုတမျှဝေခြင်းများကို လွယ်ကူလျင်မြန်စွာဖြန့်ဝေပေးနိုင်တာအမှန်ပါ။ သို့သော် မည်သည့်အရာမဆို ကောင်းကျိုး၊ဆိုးကျိုးဒွန်တွဲနေစမြဲမလို့ ကောင်းကျိုးရနိုင်တာကိုသိရှိပြီးဆိုးနိုင်တဲ့အခြေအနေဖြစ်ခွင့်မပြုရန် လူတိုင်းသတိချပ်စေလိုပါသည်။
ယနေ့ဝေမျှမည့်အချက်မှာ ဆေးကုသမှုကိုယ်တိုင်လုပ်ဆောင်ရမည်ဖြစ်ပြီးငွေကြေးကုန်ကျမှု၊ ဆေးသောက်သုံးမှုပြုလုပ်ရန်မလိုဘဲ တစ်ပိုင်တစ်နိုင်လိုက်ပါလုပ်ဆောင်ခြင်းဖြင့် ကောင်းမွန်သောအလေ့အထများရနိုင်ရန်ရည်ရွယ်ပါတယ်။ မိမိသာမက မိမိ၏မိသားစုဝင်များ၊ မိတ်ဆွေများအားဝေမျှပေးနိုင်ရန်မိမိကအစပြုလိုက်နာခြင်ဖြင့်စတင်စေလိုပါသည်။
ဖုန်းတွေကိုထိုင်ရာမထသုံးနေခြင်းသည် မိမိ၏တစ်နေ့တာကိုယ်လက်လှုပ်ရှား၊ အစားအသောက်ပုံစံ၊နေထိုင်ပြုမှု၊ အိပ်စက်အနားယူမှုတွေကိုပါ တဖြည်းဖြည်းထိခိုက်လာပါက ကောင်းကျိုးထက်ဆိုးကျိုးဖြစ်လာနိုင်တာဖြစ်၍ကြိုတင်သတိပြုစေလိုပါသည်။ ကျန်းမာရေးနှင့်လျော်ညီသော နေထိုင်အသုံးပြုမှု (Position between eye and screen) ထိုင်ခုံမှာထိုင်ပြီး ၉၀°ဖြစ်ရမယ်၊ ခြေထောက်ကိုဖြောင့်တန်းနေအောင်မြေပြင်နဲ့ထိပြီးထိုင်ရမယ်၊ ခါးကိုရှေ့နောက်မကိုင်းညွတ်ဘဲ ဖြောင်းဖြောင့်ထိုင်ရမယ်၊ မတ်တပ်ရပ်လျင်သုံးရင်လည်း ခြေဆစ်ဖက်ထောက်ပြီးခါးထိုင်ရင်ကြာရှည်သုံးမည်ဆိုပါက ခါး၊ လည်ပင်းအရိုး၊ကြွက်သား၊ အာရုံကြောများထိခိုင်စေပါတယ်။ ရောဂါလက္ခဏာခံစားရရင် အကိုက်အခဲပျောက်ဆေးအလွယ်တကူသောက်မယ်၊ ထိုးမယ်၊ လိမ်းမယ်။ ကြိုတင်သိပါလျက်နှင့် သတိမလွတ်စေလိုပါ။ အမြင်အာရုံအသုံးများသည့်အတွက် အသီးအနှံစားသောက်ရာတွင် ဗီတာမင်ကြွယ်ဝသော အသီးအရွက်များရွေးချယ်ပြီး ညီညွတ်မျှတစွာစားသုံးစေလိုပါသည်။ မျက်စိစစ်ဆေးခြင်းကိုလည်း ၆လတစ်ခါ စစ်ဆေးပြီးကာကွယ်စေလိုပါတယ်။ မိမိရဲ့အမူအကျင့်တွေပြင်ဆင်ဖို့လိုပါသည်။
၁။ ဖုန်း ringtone မလိုလျှင်ပိတ်ထားပါ။ ခဏခဏဖုန်းကိုင်မိရင်ဖုန်းကိုလက်ကမချတော့ပဲသုံးဖြစ်ပါသည်။ အရေးကြီးကိစ္စရှိသည့်အချိန်မှလွဲ၍ ဖုန်းကိုမကိုင်မိစေရန်သတိပြုပါ။
၂။ အိပ်ရာနိုးပြီးပြီးချင်း ဖုန်းမသုံးဘဲ မေတ္တာပို့တေးသီချင်း၊ မိမိကိုးကွယ်ရာ တရားနားထောင်ခြင်း၊ မင်္ဂလာရှိသော အရာလေးတွေနားဆင်ခြင်းကို နာရီဝက်၊ တစ်နာရီခန့်ပြုလုပ်ပါ။ ဂါရဝတရားထားပေးခြင်းဖြင့် ဖုန်းကိုလှမ်းယူမသုံးဖြစ်တော့ဘူးဟာယူဆရပါသည်။ အချိန်တစ်ခုထိဖုန်းမကြည့်ဘဲနေခြင်းဟာ ကာလတစ်ခုထိကောင်းလေလေဖြစ်တာမလို့ဆောင်ရွက်စေလိုပါသည်။
၃။ ဖုန်းမယူပဲ သုံးရက်ခန့်ခရီးသွားနေထိုင်ကြည့်ရန် အကြံပြုကြသည်။ သိုသော် စာရေးသူကိုယ်တိုင်တိတိကျကျမလိုက်နာနိုင်သေးပါ။ မိမိသာမန်အချိန်တွေမှာ ဖုန်းမသုံးပဲ လူနာကြည့်တာတို့၊ခွဲစိတ်ခန်းဝင်တာတို့အပါအဝင် တရားထိုင်ခြင်းမျိုးဆောင်ရွက်သည့်နည်းတူ စာအုပ်စာပေဖတ်ရှူ့ခြင်းများဖြင့်အစားထိုးလေ့ရှိပါသည်။
၄။ ဖုန်းမပါဘဲပျော်ရွှင်မှုမျိုးရှာဖွေပါ။ မိမိကိုယ်ပိုင် တိလေးများမွေးမြူပြီး အတူလမ်းလျှောက်ခြင်း၊ အစာကျွေးခြင်း၊ စာဖတ်ခြင်းများအပါအဝင် ချစ်စဖွယ်အချိန်လေးဖြင့် (Mobile phone free time) သတ်မှတ်ပေးပါ။
၅။ ရေချိုးခန်း၊ အိမ်သာတတ်ပါက ဖုန်းမယူသွားဘဲ ဆောင်ရွက်ပေးပါ။ မိတ်ဆုံစားပွဲ၊ သူငယ်ချင်း၊ မိတ်ဆွေ ၊အလုပ်ကိစ္စများ၊ ကလေးကစားကွင်းပို့ချိန်၊ ကျောင်းကြိုပိူ့ချိန်၊ ကားမောင်းချိန်တွင် ဖုန်းလုံးဝအသုံးမပြုစေလိုပါ။
အဆိုပါအချက်လေး ငါးချက်ကို ဆောင်ရွက်ကြည့်စေလိုပါတယ်။ တချိုဆို smart phone အစား keypad phone များအစားထို့ကိုင်ကြသည်။ လွယ်ကူသည့်အလုပ်တော့မဟုတ်ပါချေ။ ယနေ့ခေတ်ကာလ AI ခေတ်ဆိုသည့်အချက်ကိူ ခုတုံးဖြစ်ပြီး Mobile Phone Addiction (MPA) ကနေရာတိုင်း၊ အသက်အရွေးမရွေး၊ လူတန်းစားမရွေး ကြုံတွေနေရသော်လည်း သတိမမူဖြစ်ပြီး ဆေးကုသမှုခံယူရတော့မှ သိလျက်နှင့် မဆင်ခြင်နိုင်ဖြစ်နေကြပါသည်။
လူသားတို့အတွက်အသုံးဝင်စေဖို့၊ ရှာဖွေလုပ်ကိုင်မှုအတွင် တီထွင်ဖန်တီးထားသောသက်မဲ့အရာတစ်ခုက လွှမ်းမိုးခြင်းဖြစ်သည်မှာ မကောင်းနိုင်ပါ။ တစ်ကြိမ်တစ်ခါသုံးလျှင် ၄ဝမိနစ်ထက်မကျော်လွန်သင့်ဘဲ စည်းကမ်းသတ်မှတ်သင့်ပါသည်။ ဦးနှောက်ရဲ့ စုပ်ယူနိုင်မှု သင်ကြးမှု သင်ယူမှု လုပ်ငန်းစဉ်ကိုပျက်စေနိုင်ပါသည်။ လူတို့၏စိတ်ဝင်စားမှုပေါ်မူတည်၍ အပန်းဖြေစရာတစ်ခုစဖွယ်သုံးလာကြပါသည်။
လူငယ်များအနေဖြင့် ဂိမ်းအမျိုးမျိုး၊ အက်ပလီကေးရှင်းအမျိုးမျိုးအပေါ်စွဲလန်းတက်မက်နေခြင်းမှာ မူးယစ်ဆေးဝါးစွဲနေသကဲ့သို့ဖြစ်နေပါသည်။
တရုတ်နိုင်ငံတွင်လည်းနေ့ရောညပါ မစားမသောက် အခန်းအပြင်မထွက် လူတွေနဲ့မထိတွေ့တော့ဘဲ မိသားစုနှင့်ပတ်ဝန်းကျင်ကိုပစ်ပယ်ပြီး အခန်းပိတ်သုံးစွဲခြင်းက လူ၏စိတ်ကို ရောဂါအဖြစ်ပြောင်းလဲစေပြီး လူကယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းများဖွင့်လှစ်ကာ ဆောင်ရွက်နေရသည်ကိုတွေကြရပါသည်။
ရောဂါအမျိုးမျိုးက မိမိဝန်းကျင်တွင်စောင့်ဆိုင်းနေပြီး အစာအိမ်ရောဂါ၊ အာရုံကြောအားနည်းခြင်း၊ လူမှုဆက်ဆံရေးဆိုးရွားစွာပြုမူလာခြင်း၊ စိတ်ကြွစိတ်ကျရောဂါများ၊ စိတ်ကလင့်ကစရားဖြစ်ခြင်းများအပြင် လူမှုစီးပွားလိုအပ်ချက်များကြောင့် ခိုးဝှက်လုယက်မှုများဖြစ်သည့် ကိုယ်ကျင့်တရားများပျက်လာသည်ကိုတွေ့ရနိုင်ပါသည်။
သို့ဖြစ်ပါ၍ မိမိတို့လူသားများက လွယ်ကူလျင်မြန် သက်သာစေရန် တီထွင်မှုမျိုးစုံဖြင့် အနာဂတ်လူငယ်များအားတိုးတက်စေချင်သော်လည်း ကောင်းသောအရာကိုကောင်းသောနည်းလမ်းဖြင့်သာအသုံးပြုစေခြင်းဖြင့် အစွန်းမရောက်သော လူငယ်များဖြစ်စေလိုပါသည်။ သက်မဲ့အရာဝတ္ထုတစ်ဦးကြောင့် သက်ရှိလူသားများ ဒုက္ခရောက်စေရန် လွှမ်းမိုးနိုင်သည့်အချက်အား မိမိကအစပြု၍ ချေဖျက်သင့်ပါကြောင်းဆန္ဒပြုအပ်ပါသည်။
ဒေါက်တာကျော်
Dr Kyaw (Resilience)
#7887healthcare #seveneighteightseven #healtharticle
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

