အထွေထွေ ကျန်းမာရေးလမ်းညွှန်
03-Aug-2017![Preview Image](https://healthcare.com.mm/files/36359f17c81f7dcc2547/ba2494195b96366ee276211cc78c2228.jpg)
(၁) အနံ့ခံနိုင်စွမ်းပြောင်းလဲသွားခြင်း
အနံ့ခံနိုင်စွမ်းပြောင်းလဲတာ၊ အထူးသဖြင့် အနံ့ဆုံးရှုံးတာတွေက ထိပ်ခပ်နာရောဂါ၊ နား နှာခေါင်းရောဂါတို့အပြင် အယ်လ်ဇိုင်းမားရောဂါဖြစ်ကြောင်းပြသတဲ့ ခန္ဓာကိုယ်လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါကြောင့် ထိခိုက်တဲ့ ဦးနှောက်ရဲ့ ပထမဆုံးအပိုင်းက Olfactory cortex ဖြစ်ပြီး အနံ့ခံအာရုံနဲ့ဆက်စပ်နေပါတယ်။ အနံ့ခံအာရုံထိခိုက်မှုရှိမရှိ စမ်းသပ်နည်းကတော့ အနံ့ ၁၂မျိုးကို သင့်မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးသားချင်းတစ်ဦးအား စီခိုင်းထားလိုက်ပါ။ စတော်ဘယ်ရီ၊ ဆေးလိပ်၊ ဆပ်ပြာ၊ ပူစီနာ၊ လေးညှင်း၊ သဘာဝဓာတ်ငွေ့၊ သံပရိုသီး၊ သားရေ၊ နှင်းဆီ၊ ချယ်ရီပန်းနဲ့ စံပယ်ပန်းတို့ကို စီထားပြီး အဲ့ဒီအမျိုးအစား ၁၂မျိုးကို အန့ံခံပြီး အနည်းဆုံးကိုးမျိုးကို မှန်အောင် မပြောနိုင်ဘူးဆိုရင် ဆရာဝန်နှင့်ပြသသင့်ပါပြီ။
(၂) ခြေစွယ်ငုပ်ခြင်း
ခြေချောင်းတစ်ချောင်းထောင့်နေရာ ဒါမှမဟုတ် ဘေးဘက်မှာ ခြေစွယ်ငုပ်ပြီး နာကျင်တာ၊ နီမြန်းတာ၊ ရောင်ရမ်းတာနဲ့ ပိုးဝင်တာတွေဖြစ်တဲ့ ပြဿနာဖြစ်ပါတယ်။ ခြေစွယ်ငုပ်ရတဲ့ အကြောင်းရင်းတွေက ခြေသည်းဖိမိစေတဲ့ ရှူးဖိနပ်စီးတာ၊ ခြေသည်းညှပ်တဲ့ ပုံမမှန်တာ၊ ထိခိုက်ဒဏ်ရာရတာ၊ ခြေသည်းက ပုံမှန်မဟုတ်ဘဲ ကွေးနေတာတို့ပဲဖြစ်ပါတယ်။ ခြေစွယ်ငုပ်တာကို မကုဘဲ ထားရင် အောက်က အရိုးအထိပိုးဝင်ပြီး အရိုးထဲ ပိုးဝင်မှုကို ဆိုးဆိုးရွားရွားဖြစ်စေနိုင်ပါတယ်။ ခြေစွယ်ငုပ်တဲ့ ဝေဒနာကို ကာကွယ်နိုင်ဖို့ ရှူးဖိနပ်ကို အံဝင်ခွင်ကျရှိတဲ့ အမျိုးအစားရွေးချယ်ဝတ်ဆင်ခြင်း၊ ခြေသည်းတွေကို ဖြောင့်ဖြောင့်လှီးဖြတ်ခြင်းနဲ့ ခြေသည်းကို တိုလွန်းအောင် မညှပ်ခြင်းတို့ကို လိုက်နာရမည်ဖြစ်ပါသည်။ ဆားခါးထည့်ထားတဲ့ ကြက်သီးနွေးရေထဲ ခြေထောက်စိမ်ပြီး ခြေသည်းနေရာတစ်ဝိုက်ကို သန့်စင်အောင်နဲ့ ဘက်တီးရီးယားပိုး ကင်းအောင် ပြုလုပ်ပါ။ ပြီးရင် ခြေသည်းတွေကို သေချာလှီးဖြတ်ပေးရပါမယ်။
ကိုးကား - အထွေထွေ ကျန်းမာရေးလမ်းညွှန်(ဇွန်ခိုင်ဦး ဆေးဝါးတက္ကသိုလ်) Arogyam July 2013 Magazine
Related Articles
Advertisment 18
![](https://healthcare.com.mm/files/o9lixevawk55doks8n6c/2.jpg)
Advertisment 18
![](https://healthcare.com.mm/files/yxhvwlnekdyn9wjbgtgf/FAT.jpg)
Advertisment 18
![](https://healthcare.com.mm/files/ilsgilso9jdexm3tt4z1/HTQ.jpg)
Advertisment 18
![](https://healthcare.com.mm/files/hwyfcpf4xtshhotubhss/viber_image_2023-09-28_08-21-10-736.jpg)
Advertisment 18
![](https://healthcare.com.mm/files/ppyqcm9a1ug9huvc6lmb/viber_image_2023-09-28_16-07-09-175.jpg)