Print

၃ – ရက် နဲ ့၁ – ပတ်အတွင်းမှာဝက်ခြံ အမာရွတ်တေသူ ့အလိုလို ပျောက်သွားနိုင...

  25-Feb-2017
Preview Image

၃ – ရက် နဲ ့၁ – ပတ်အတွင်းမှာဝက်ခြံ အမာရွတ်တေသူ ့အလိုလို ပျောက်သွားနိုင်တဲ့နည်း
ဆယ်ကျော်သက်ရွယ်ကစလို ့၊ သွေးဆုံးပြီးနောက် ၃ နှစ်ခန့်တိုင်အောင် ဟော်မုန်းတွေ ပြောင်းလဲမှုကြောင့် အမျိုးသား၊ အမျိုးသမီး ၁ဝ ဦးမှာ ပျမ်းမျှအားဖြင့် ၉.၉၉ ဦးခန် ့ အနည်းနဲ့အများ ဆိုသလို ဝက်ခြံမပေါက်ဖူးတဲ့သူရယ်လို ့မရှိကြပါဘူး။ ကျန် ဝ.ဝ၁ ဦး ကတော့ ရှားပါးလွန်းတဲ့ အသားအရေကံထူးရှင်တွေလို ့ဆိုနိုင်ပါတယ်။ အသင့်အတင့် ဝက်ခြံပေါက်ပြီး နောက် ၃ ရက် နဲ ့၁ ပတ် အတွင်းမှာ အမာရွတ်တွေ သူ ့အလိုလို ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အချို့အသားအရေ ပိုင်ရှင်တွေမှာတော့ ရုပ်အလှပျက်လောက်အောင် ဝက်ခြံအမာရွတ်တွေ စွဲကျန် နေရစ်ခဲ့ရှာတုန်းပါဘဲ။

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးနည်းလမ်း ( ၅ ) သွယ်ထဲက တစ်ခုခုနဲ ့ အဆင်ပြေသွားပြီ ဆိုရင်တော့ သင့်မျက်နှာပေါ် ဝက်ခြံအမာရွတ်တွေကို ….. တာ့တာလို့သာ ဆိုလိုက်ပါတော့နော်။

 

( ၁ ) နံ ့သာဖြူမှုန် ့နဲ ့ နှင်းဆီ ရည်
နံ့သာဖြူမှုန် ့နဲ ့နှင်းဆီရေကို ပျစ်ပျစ်ဖျော်စပ်ပြီး၊ အမာရွတ်ပေါ်တိုက်ရိုက် လိမ်းပေးပါ။ အချိန် ၁ နာရီကျော် ထားပါ ( သို ့မဟုတ် ) တညလုံးလိမ်း အိပ်နိုင်ပါတယ်။ ပြီးရင် ရေအေးဖြင့် မျက်နှာသစ်လိုက်ပါ။ အသားအရေအေးမြတဲ့ ခံစားမှုကို ချက်ချင်း သိရမှာပါ။ အမာရွတ်တွေ သိသိသာသာ လျော့ပါးသက်သာ လာစေပါတယ်။
( Rosewater လို ့ခေါ်တဲ့ နှင်းဆီရေကို အလှကုန် ပစ္စည်းဆိုင်တွေ မှာ ဝယ်ယူရရှိ နိုင်ပါတယ် )

 

( ၂ ) သံလွင်ဆီ
သံလွင်ဆီနဲ ့အမာရွတ်ကို နေ ့စဉ်လိမ်းပေး ကြည့်ပါနော်။ အစိုဓာတ်ထိန်းပေးနိုင်တဲ့ အစွမ်းသတ္တိပါရှိတဲ့ သံလွင်ဆီ အစွမ်းကြောင့် အသားအရေ နူးညံ့ချောမွတ်ကာ အမာရွတ်တွေလည်း ပြေပျောက်သွားနိုင်ပြီပေါ့ရှင်။

 

( ၃ ) သခွားသီး
အသားအရေထိန်း အလှကုန်ပစ္စည်းတွေကို ဘာ့ကြောင့် သခွားသီး နဲ ့ဖော်စပ်ထုတ်လုပ် ထားရပါသလဲ၊ အဖြေကတော့ ရှင်းရှင်းလေးပါ။ သခွားရည်က အသားရေကို နူးညံ့ချောမွေ ့အေးမြစေပြီး၊ ဝက်ခြံ အမာရွတ်တွေကိုလည်း ပျောက်ကင်းသက်သာ စေလို ့ ပါဘဲ။

 

( ၄ ) ရှားစောင်း လက်ပက်
ရှေးယခင်က စလို ့ ရှားစောင်း လက်ပက်ပင်ရဲ့ ဂျယ်လီတွေကို အသားအရေ အတွက် အိမ်တွင်း သမားတော်အဖြစ် သုံးစွဲလာခဲ့ကြပါတယ်။ သူကမျက်နှာ အသားအရေကို ကျန်းမာသိပ်သည်းကြံ့ခိုင်စေပြီး တင်းတိပ်၊ ဝက်ခြံ နဲ ့ဝက်ခြံကြောင့်
စွဲကျန်ရစ်တဲ့ အမာရွတ်တွေကို သက်သာ ပျောက်ကင်း စေတယ်နော်။

 

( ၅ ) ရေ
တစ်နေ ့ကို သောက်ရေဖန်ခွက် ၈ ခွက် စာထက်မနဲသောက်ဖြစ်အောင် သောက်ကြနော်။ ရေသောက်ခြင်းက ခန္ဒာကို်ယ် အရေ ပြားရှိ အဆိပ်အတောက်များကို ဖယ်ရှား သန့်စင်စေပြီး၊ အရေပြားဆဲလ် အသစ်များကို မွေးဖွားပေးကာ၊ ဝက်ခြံ
ကြောင့် ဖြစ်တဲ့ ဆဲလ်အသေတွေ ၊ အမာရွတ်တွေကို ဖယ်ရှား သန် ့စင်စေပေးတယ်လေ။

 

Healthcare.com.mm
Ref:
Daily Health
မြဝတီ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18