အရေပြားပွန်းပဲ့ ထိခိုက်ဒဏ်ရာရတဲ့
25-Feb-2017အရေပြားပွန်းပဲ့ ထိခိုက်ဒဏ်ရာရတဲ့
အားလုံးသိပြီးကြတဲ့အတိုင်း အရေပြားဟာ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားတဲ့ ဧရိယာအရေးမားဆုံးသော ခန္ဓာကိုယ်အစိတ်အပိုင်းကြီးတစ်ခုပါ။ အရေပြားဟာ ထိတွေ့မှုအာရုံကို ခံစားပေးနိုင်သလို ပြင်ပက အရာဝတ္ထုနဲ့ ပိုးမွှားတွေကိုလည်း ကာကွယ်ပေးထားပါတယ်။
ပွန်းပဲ့ဒဏ်ရာအတွက် First Aid နည်းများ
ပွန်းပဲ့ထိခိုက်နာ (Abrasion) ဟာ အပေါ်ယံ အရေပြားလွှာမှာသာ အဖြစ်များတာမို့ ချုက်အပ်တွေအသုံးပြုစရာမလိုဘဲ ပိုးသန့်ထားတဲ့ဂွမ်းစ (သို့) Betadine ကဲ့သို့ အနာသန့်စင်ဆေးရည်နဲ့ သန့်စင်ဆေးကြောပေးနိုင်ပါသည်။ အကယ်၍ အနာဟာ အမှိုက် (သို့) ဖန်၊ မှန်အကွဲအစတွေ ကပ်ငြိနေတယ်ဆိုရင် ဖယ်ရှားပေးပါ။ အနာကို ပိုးသန့်စင်
ထားတဲ့ ဆားရည် (Sterile Saline) နဲ့ ဒါမှမဟုတ်လည်း ရေများများ (ဘုံဘိုင်ရေ) နဲ့ ၅ မိနစ်ခန့် ဆေးကြောပေးနိုင်ပါတယ်။ အနာကို အဆင့်ဆင့် ဆေးကြောသန့်စင်ပြီးရင်တော့ အနာကို ပတ်တီးသန့်သန့်နဲ့ ဖွဖွအုပ်ထားပေးပါ။ ဒါမှ ပြင်ပက ဖုန်မှုန်နဲ့ ပိုးမွှားတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အနာကို ပြန်ပြန်ဆေးထည့်တဲ့အခါတိုင်းမှာ အရေးကြီး
ဆုံးက လက်သန့်ဖို့နဲ့ အသုံးပြုတဲ့ပစ္စည်းတွေ သန့်ဖို့ပါပဲ။ ဒါမှ အနာကလည်း သန့်ပြီး
မြန်မြန်ကျက်မှာပါ။
နက်နဲကြီးမားတဲ့အနာ (ထိုးသွင်းပြတ်ရှနာ) များအတွက် First Aid နည်းများ ထိုးသွင်း
ပြတ်ရှနာ (Incised wound) များဟာ ချွန်ထက်တဲ့အရာ (ဓား၊ ဖန်ကွဲစ၊ ပုလင်းကွဲစ)
တွေနဲ့ အရေပြားထဲ ထိုးစိုက်မိ၍သော်လည်းကောင်း၊ ပြတ်ရှမိ၍ သော်လည်းကောင်း
ဖြစ်တဲ့အနာပါ။ ထိခိုက်မှုအပေါ် မူတည်ပြီး သွေးကြောတွေ ပြတ်ရှရာမှ သွေးဆုံးရှုံးမှုတွေ များနိုင်ပါတယ်။ သွေးလွှတ်ကြောကို ထိခိုက်မိရင်တော့ အရေးပေါ်အခြေအနေမို့ သတိပြုရမှာပါ။
ဒီအခါ သွေးထွက်လွန်ခဲ့ရင် ပြုလုပ်ရမယ့်ရှေါ်ဦးသူနာပြုစုနည်းတွေကတော့ -
- ထိခိုက်မိတဲ့နေရာက အဝတ်အစားတွေကို ဖယ်ရှားပါ။
- သွေးထွက်နေတဲ့အနာပေါ်ကို လက် (သို့) ပတ်တီးစ (အဝတ်စ) တို့နဲ့ ဖိထားပေးပါ။
သွေးထွက်အလွန်စေဖို့ ဖြစ်ပါတယ်။
- ပြီးရင်အနာကို ပိုးသန့်စင်ထားတဲ့ ပစ္စည်းကိရိယာ (သို့) ပတ်တီးစတို့နဲ့ အရက်ပြန် (သို့) Betadine သုံးပြီး သန့်စင်ဆေးကြောကာအနာကိုပတ်တီးနဲ့ ပြန်ဖိအုပ်ထားပါ။
- ထိခိုက်ဒဏ်ရာရတဲ့နေရာကို လူနာရဲ့ နှလုံးထက် ပိုမြင့်အောင် မြှင့်ထားပေးပါ။
- ပြီးရင်တော့ အရေးပေါ်တင်ယာဉ်ခေါ်ပြီး လိုအပ်တဲ့ ဆေးဝါးကုသမှု ရရှိနိုင်မယ့် ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားပါ။ လူနာရဲ့ အခြေအနေကိုလည်း မျက်ခြည်မပြတ် ကြည့်သွားရပါမယ်။
မေးခိုင်ကာကွယ်လို၊ မလို
တချို့သောအနာတွေဟာ မေးခိုင်ရောဂါပို ဝင်ရောက်စေတတ်တာမို့ အထူးသဖြင့် ချွန်ထက်တဲ့ ဓား၊ ဖန်၊ မှန်၊ သံဓာတ်တွေကြောင့်ရတဲ့ ဒဏ်ရာတွေမှာ မေးခိုင်ကာကွယ်
ဆေးက လိုကိုလိုပါတယ်။ ကြိုတင်ထိုးထားရင်တော့ မမှားပါဘူး။
အနာကျက်တဲ့အဆင့်များ
ခန္ဓာကိုယ်ကြီးဟာ သဘာဝအရကို အနာ။ဏ်ရာရလျှင် ရချင်း ချက်ချင်းပဲ ပြန်လည်ပြုပြင် တည်ဆောက်မှု လုပ်ငန်းစဉ်ကို အလိုအလျောက် စတင်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေပေါ် မူတည်ပြီး ရက်အနည်းငယ်၊ သီးတင်းပတ်၊ လမှသည် နှစ်အဆင့်ဆင့် ကြာမြင့်ချိန် ကွဲပြားသွားတာပါ။ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေ အနည်းအများပေါ် မူတည်ပြီး အမာရွတ်ကျန်တတ်ပါတယ်။
အနာကျက်မြန်၊ မမြန်မှုဟာ လူနာရဲ့ အခြေခံအချက်ပေါ် မူတည်သလို ပတ်ဝန်းကျင် အခြေအနေပေါ် လည်းမူတည်ပါတယ်။ လူနာဟာ အခြေခံကျန်းမာရေး အခြေအနေ
ကောင်းသူ (ဆီးချို၊ သွေးတိုးနဲ့ နှလုံးသွေးကြောရောဂါမရှိသူ) ဆိုရင်၊ အသက်ငယ်ရွယ်
သူဆိုရင်၊ ကိုယ်ခံအားစနစ်ကောင်းရင်၊ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရင် အနာအကျက်
မြန်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေနဲ့ ပြင်ပအပူချိန်၊ ရာသီဥတုအခြေအနေနဲ့ အနာ
သန့်စင်မှုကို ပ့ံပိုးပေးနိုင်တဲ့ ဝန်းကျင်မှာ (မညစ်ပတ်တဲ့နေရာမှာ) ဆိုရင် အနာက ပိုပြီးမြန်မြန် ပြန်ကျက်တတ်ပါတယ်။
ဒီတော့ ထိခိုက်ပွန်းပဲ့ဒဏ်ရာ ရလျှင်သော်လည်းကောင်း၊ ထိုးသွင်းဒဏ်ရာ၊ ကြီးမားတ အရေပြား ထိရှနာတွေ ရလာလျှင်သော်လည်းကောင်း ယခုရေးသားဖော်ပြခဲ့တဲ့ ရှေးဦးပြုစု
နည်းလေးတွေသုံးပြီး နောက်ဆက်တွဲ အကျိုးဆက်နည်းပါးအောင် ဆောင်ရွက်နိုင်
ပါကြောင်း ရည်ရွယ်လျက်…။
Healthcare.com.mm
Ref:
သွန်းသော်တာ (B.N.Sc )
Ziwaka magazine, June 2014, Pg.51-52