Print

Cervicsl spondylosis (လည်ပင်းကျီးပေါင်းတက်ခြင်း)

  16-Aug-2018
Preview Image

• အရိုးကျီးပေါင်းတက်ခြင်းသည် အသက်အရွယ်ကြီးသော လူကြီးပိုင်းများတွင် အလွန်အဖြစ်များသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ရောဂါလက္ခဏာ ပိုဆိုးတတ်သည်။ အသက် ၆၀ ကျော် အမျိုးသား၊ အမျိုးသမီးများ၏ ၈၅ ရာခိုင်နှုန်းတွင် ဤလည်ပင်းကျီးပေါင်းတက်ခြင်းရောဂါရှိနေသည်။ 

• တချို့သော လူများတွင် ရောဂါရှိနေသော်လည်း မည်သည့်လက္ခဏာမှမခံစားရချေ။ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါကလည်း ခွဲစိတ်စရာမလိုသော နည်းလမ်းများဖြင့်လည်း ထိထိရောက်ရောက် ကုသနိုင်သည်။


ရောဂါလက္ခဏာများ

• ရောဂါလက္ခဏာများမှာ နာကျင်ခြင်းနှင့် ဇက်ကြောတက်ခြင်းများပင်ဖြစ်သည်။ တစ်ခါတစ်ရံ လည်ပင်းရိုးနှစ်ခုကြားရှိ ဆက်ထားသော နေရာလွတ်ကျဉ်းမြောင်းလာခြင်းနှင့်အတူ ထိုနေရာရှိ အာရုံကြောများကို ဖိမိသည်။ ထိုသို့အာရုံကြောများ ဖိမိပါက

• လက်၊ လက်ဖျံ၊ ခြေထောက်နဲ့ ခြေဖဝါးများ ထုံကျဉ်ခြင်း၊ စူးရှရှခံစားချက်မျိုးရရှိခြင်း

• လမ်းလျှောက်ရာတွင် အခက်အခဲရှိခြင်း

•            ဆီးသွားရာ အခက်အခဲရှိခြင်း၊ ဝမ်းသွားရာတွင် ဝမ်းမနိုင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းများ ဖြစ်နိုင်သည်။

• ထို့ကြောင့် အရိုးကျီးပေါင်းရှိသူများ အနေနှင့် အထက်ပါရောဂါလက္ခဏာများ ရုတ်တရက်ခံစားလာရပါက ဆရာဝန်နှင့်အမြန်ဆုံး ပြသ၍ကုသရမည်။


ဖြစ်ပွားရသောအကြောင်းအရင်းများ

• အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကိုယ်ခနွာရှိ အရိုးများ သည်လည်း ပျက်စီးလာသည်။ ပျက်စီးရသော အကြောင်းအရင်းများ

• အရိုးနုများခြောက်သွေ့လာခြင်း။ အရိုးနုများသည် အရိုးနှစ်ခုကြား ကူရှင်းလုပ်ပေးသော ပစ္စည်းဖြစ်သည်။ အသက် ၄၀ ခန့်ရောက်လာသောအခါ ထိုအရိုနုများသည် ခြောက်သွေ့ပျက်စီးလာသည်။ 

• အရိုးနုကျွံခြင်း၊ အသက်အရွယ်ကြီးလာသည်နှင့်အမျှ အရိုးနု၏ အပြင်မျက်နှာပြင်သည် ကွဲအက်ခြင်းများ ဖြစ်လာကာ အရိုးကျွံခြင်းများ ဖြစ်လာသည်။

• အရိုးအတက်ထွက်ခြင်း၊ အရိုးပျက်စီးလာခြင်းအား ခနွာကိုယ်မှ အလိုအလျောက် ဖာထေးသော လုပ်ငန်းစဉ်ဖြင့် ပြန်လည်ဖာထေးသည်။ ထိုလုပ်ငန်းစဉ်ကြောင့် အရိုး၏ မျက်နှာပြင်ပေါ်တွင် မလိုအပ်သော အတက်အလက်များ ပေါ်ထွက်လာသည်။ ထိုအရိုးအတက်များသည် ကျောရိုးအာရုံကြောမကြီးနှင့် အာရုံကြောငယ်များကို ဖိမိစေကာ အာရုံကြောလက္ခဏာများ ပေါ်ပေါက်လာစေသည်။

• အရွတ်များလာခြင်း၊ အရွှတ်ဆိုသည်မှာ အရိုးနှစ်ခုအား ဆက်ပေးသောကြွက်သား၏ အစိတ်အပိုင်းဖြစ်သည်။ ထိုအရွှတ်များသည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ မာလာနိုင်သည်။ ထိုကြောင့် လည်ပင်းလှုပ်ရှားနိုင်မှုများ လျှော့ကြလာကာ လည်ပင်းတောင့်တင်း (ဇက်ကြောတက်သော) ဝေဒနာများခံစားလာရသည်။ 


ဖြစ်နိုင်ခြေများသူများ

• အသက်အရွယ်ကြီးသူများ

• ကွန်ပျူတာ အသုံးပြုသူများ၊ စာဖတ်သူများတွင် လည်ပင်းပုံစံမမှန်ဘဲ ဖတ်ပါက လည်ပင်းတွင် ဒဏ်ဖြစ်ကာ ကျီးပေါင်းဖြစ်နိုင်သည်။

• လည်ပင်းတွင်ထိခိုက်ဒဏ်ရာရသူများ

• မျိုးရိုးထဲတွင် ကျီးပေါင်းဖြစ်သောမိဘ၊ ဆွေမျိုးများရှိခြင်း

• ဆေးလိပ်အလွန်မကျွံသောက်သုံးများ


နောက်ဆက်တွဲပြဿနာများ

• အာရုံကျောမကြီး (သို့) အာရုံကြောများကို ဆိုးရွားစွာ ဖိမိပါက အာရုံကြောပျက်စီးနိုင်သည်။


စစ်ဆေးမှုများ

• ဆရာဝန်မှ သင်၏လည်ပင်းအား စစ်ဆေးခြင်း

• ဓာတ်မှန်ရိုက်ခြင်း

• CT စကင်ရိုက်ခြင်း

• MRI စကင်ရိုက်ခြင်း

• အာရုံကြောလုပ်ငန်းများစစ်ဆေးခြင်း


ရောဂါကုသခြင်း (ဆေးဝါးများဖြင့်)

• အကိုက်အခဲပေါက်ဆေးများ

• ကြွက်သားပျော့ပျောင်းဆေးများ

• စတီးရွိုက်များ

• စိတ်ဓာတ်ကျရာတွင် အသုံးပြုသောဆေးဝါးများ


လေ့ကျင့်ခန်းများပြုလုပ်ခြင်း

• လေ့ကျင့်ခန်းဆရာများမှ သင့်အား လည်ပင်းမှကြွက်သားများ ကျန်းမာအောင် ပြုလုပ်ပေးသော လေ့ကျင့်ခန်းများ လေ့ကျင့်သင်ကြားပေးနိုင်သည်။


အပ်စိုက်ကုသခြင်း

• သင်၏ဆရာဝန်မှ နာကျင်မှုသက်သာစေရန် အပ်စိုက်ကုသမှုခံယူခိုင်းနိုင်ပါသည်။  ထိုဆရာဝန်မှ ကျွမ်းကျင်သော အပ်စိုက်ကုပညာရှင်ကို လွှဲပေးမည်။


ခွဲစိတ်ကုသခြင်း

• အရိုးအကြောခွဲစိပ်ကုဆရာဝန်မှ သင်၏ ကျောရိုးကိုခွဲစိပ်ပေးနိုင်သည်။


ကာကွယ်ကုသခြင်း

• လမ်းလျှောက်ပေးပါ။

• လည်ပင်းလေ့ကျင့်ခန်းမှန်မှန်လုပ်ပေးပါ။

• ကွန်ပျူတာအသုံးများ/ စာဖတ်ပါက မကြာခဏ ခေါင်းနှင့်ကိုယ်လက် လေ့ကျင့်ခန်းပြုလုပ်ပေးပါ။






Related Articles


Advertisment 18