ဆေးအမည် | Emego (အမ်မီဂို ပလပ်စ်) |
ပါဝင်ပစ္စည်း | ဆေးပြား (၁)ပြားတွင် Meclozine Hydrochloride BP .. 25 mg, Pyridoxine Hydrochloride BP .. 50 mg. |
ဆေးအမျိုးအစား | မူးဝေအော့အန်ပျောက်ဆေး။ |
အသုံးပြုနိုင်သောရောဂါများ | ကိုယ်ဝန်အစောပိုင်းကာလ ခံစားရသော ပျို့အန်ခြင်းဝေဒနာ၊ ဓာတ်ရောင်ခြည်ကုထုံး ခံယူစဉ် ခံစားရသော ပျို့အန်ခြင်းဝေဒနာ၊ ခရီးသွားစဉ် မူးဝေအော့အန်ခြင်း ဝေဒနာ များကို ကာကွယ်ရန်နှင့် ကုသရန်။ |
ဆေး၏ပုံသဏ္ဍာန် | ဆေးပြား။ |
ဆေးအချိန်အဆ | တစ်ခါသောက် ဆေး (၁)-(၂)ပြား (အစားမစားမီ ဓာတ်ရောင်ခြည်ကုသမှု မခံယူမီ၊ ခရီးမသွားမီ ကြိုတင်သောက်သုံးပါ)။ |
ဘေးထွက်ဆိုးကျိုးများ | ခေါင်းမူးခြင်း၊ အာခြောက်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ဆီးသွားခက်ခဲခြင်းတို့ ဖြစ်တတ်သည်။ |
ဆရာ၀န်ညွှန်ကြားချက် | လို။ |
ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ မသောက်သုံးသင့်ပါ။ |
ထုတ်လုပ်သည့် Company | Opsonin Pharma Limited. (ဘင်္ဂလားဒေ့ရှ်) |
တင်သွင်းသည့် Company | Model Phama Co., Ltd. |