ဆေးအမည် | Ginkgoherb (ဂင်ဂိုဟပ်ဘ်) |
ပါဝင်ပစ္စည်း | ဆေး (၁) တောင့်တွင် Powered Ginkgo Extract USP 40 mg. |
ဆေးအမျိုးအစား | သဘာဝအားဆေး။ |
အသုံးပြုနိုင်သောရောဂါများ | ဓာတ်မတည့်ခြင်း၊ ရင်ကျပ်ရောဂါ၊ ဦးနှောက်သွေးကြော ချွတ်ယွင်းရောဂါ၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ သက်ကြီးသူငယ်ပြန်ရောဂါ၊ သတိမေ့ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ၊ ထုံကျဉ်ခြင်း၊ သွေးကြောကျဉ်းရောဂါ၊ ဖောရောင်ခြင်း၊ ပန်းသေပန်းညှိုးရောဂါ၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်း။ |
ဆေး၏ပုံသဏ္ဍာန် | ဆေးတောင့်။ |
ဆေးအချိန်အဆ | တစ်ခါသောက်ဆေး (၁) တောင့်၊ တစ်နေ့ (၁) ကြိမ် (သို့) ရောဂါအခြေအနေ အလိုက် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးပါ။ |
ဘေးထွက်ဆိုးကျိုးများ | ရှားရှားပါးပါး ခေါင်းမူးခေါင်းကိုက်တတ်ခြင်း၊ ဗိုက်နာဗိုက်အောင့်တတ်ခြင်း။ |
ဆရာ၀န်ညွှန်ကြားချက် | လို။ |
ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ၊ အက်စပရင်ကဲ့သို့ သွေးကျဲဆေးသောက် နေသူများ၊ ဗီတာမင်ကေချို့တဲ့သူများ၊ အတက်ရောဂါရှိသူများ မသောက်သုံးသင့်ပါ။ |
ထုတ်လုပ်သည့် Company | Ranbanxy laboratories Limited. (အိန္ဒိယ) |
တင်သွင်းသည့် Company | JDS Co., Ltd. |