| ဆေးအမည် | Brustan (ပရပ်စ်တန်) |
| ပါဝင်ပစ္စည်း | ဆေး (၁) ပြားတွင် Ibuprofen BP … 400 mg. Paracetamol BP … 325 mg. |
| ဆေးအမျိုးအစား | အကိုက်အခဲပျောက်ရောင်ရမ်းကျဆေး။ |
| အသုံးပြုနိုင်သောရောဂါများ | နာကျင်ကိုက်ခဲရောင်ရမ်းခြင်းအမျိုးမျိုး၊ အဆစ်အမျက်ကိုက်ခဲ ရောင်ရမ်းရောဂါများ၊ တုပ်ကွေးဖျားနာကိုက်ခဲခြင်း။ |
| ဆေး၏ပုံသဏ္ဍာန် | ဆေးပြား။ |
| ဆေးအချိန်အဆ | တစ်ခါသောက်ဆေး (၁) ပြား၊ တစ်နေ့ (၃) ကြိမ် (သို့) ရောဂါအခြေအနေ အလိုက် ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးပါ။ |
| ဘေးထွက်ဆိုးကျိုးများ | ဗိုက်နာဗိုက်အောင့်ခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း။ |
| ဆရာ၀န်ညွှန်ကြားချက် | လို။ |
| ကြိုတင်သတိပြုရန်အချက်များ | ဆေးပါဝင်ပစ္စည်းနှင့် ဓာတ်မတည့်သူများ၊ အစာအိမ်အနာနှင့် ရောဂါရှိသူများ၊ အသည်း၊ ကျောက်ကပ်နှင့် နှလုံးမကောင်းသူများ မသောက်သုံးသင့်ပါ။ |
| ထုတ်လုပ်သည့် Company | Ranbanxy Laboratories Limited (အိန္ဒိယ) |
| တင်သွင်းသည့် Company | JDS Co., Ltd. |