COVID-19နှင့်ပတ်သက်ပြီးအမေးများသောမေးခွန်းများ အပိုင်း - ၂
07-Apr-2020ခန္ဓာကိုယ်ကို အရက်ပြန် သို့မဟုတ် ကလိုရင်းဖျန်းခြင်းဟာ COVID-19ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သလား
ခန္ဓာကိုယ်ကို အရက်ပြန် သို့မဟုတ် ကလိုရင်းဖျန်းခြင်းဟာ
ခန္ဓာကိုယ်အထဲကို ဝင်ရောက်ပြီးသားဖြစ်တဲ့COVID-19ကိုရိုနာဗိုင်းရပ်စ်ကို မသေစေနိုင်ပါဘူး။
အရက်ပြန် သို့မဟုတ် ကလိုရင်းဟာ မျက်စိ၊ပါးစပ်ကဲ့သို့ နူးညံ့တဲ့ ခန္ဓာအစိတ်အပိုင်းတွေကို
ထိခိုက်စေပါတယ်။ ၎င်းတို့ကို မျက်နှာပြင်မှာရှိတဲ့ ပိုးတွေကိုသတ်ရာမှာပဲ အသုံးပြုသင့်ပါတယ်။
အသုံးပြုရာမှာလည်း WHOနဲ့ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အချိုးအစားအတိုင်း
ဖျော်စပ်ပြီး အသုံးပြုရပါမယ်။
ပိုးသတ်ဆေးရည်(Disinfectants) များ ဖျော်စပ်နည်း
အိမ်သုံးအရောင်ချွတ်ဆေး (bleaching powder) ဖျော်စပ်နည်း
၁.
(1:50 Hypochlorite Solution)ရရန်အတွက် ရေ (၁) လီတာတွင် ၅%အိမ်သုံးအရောင်ချွတ်ဆေး
(Bleaching powder) ကို လက်ဖက်ရည်ဇွန်း (၄) ဇွန်းထည့်ပြီးဖျော်ပါ။
0.5% Chlorineဖျော်စပ်နည်း
၁. ကလိုရင်းမဖျော်စပ်ခင် အကာအကွယ်ဝတ်စုံ (PPE)နှင့်
လက်အိတ်အထူများဝတ်ပါ
၂. ၇၀%ကလိုရင်း လက်ဖက်ရည်ဇွန်း(၁၀)ဇွန်းကို ရေ ၂၀လီတာဖြည့်ထားသော ရေပုံးထဲသို
့ ထည့်ပါ။
၃. ထို့နောက် အရည်ကို (၁၀)စက္ကန့် သို့မဟုတ် ကလိုရင်းများပျော်ဝင်သည်အထိ မွှေပါ။
၄. ကလိုရင်းအရည်အား မသုံးခင် အနည်းဆုံး နာရီဝက်ခန့်စောင့်ပါ။
၅. ကလိုရင်းအရည်အား ကြမ်းခင်းနေရာများကို ပိုးသတ်ရာတွင် အသုံးပြုပါသည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးသတ်ရာမှာ ဘာတွေသုံးလို့ရနိုင်လဲ
ကိုရိုနာဗိုင်းရပ်စ်နှိမ်နင်းရာတွင်
နေ့စဉ်အသုံးပြုသော ပစ္စည်းများ(စားပွဲ၊ထိုင်ခုံ၊ကွန်ပြူတာ ၊တံခါးလက်ကိုင် စသည်) အတွက်
၇၀ရာခိုင်နှုန်း အယ်သနော(70% Ethanol)၊ကြမ်းခင်းများအတွက် ဝ.၅ရာခိုင်နှုန်းဆိုဒီယမ်ဟိုက်ပိုကလိုရိုက်(0.5%
Sodium Hypochlorite)အရည် (အိမ်သုံးအရောင်ချွတ်ဆေး ခေါ် bleaching powder) သို့မဟုတ်
၁ရာခိုင်နှုန်းကလိုရင်းအရည်(1% Chlorine)တို့ကို သုံးလို့ရပါတယ်။