ဒေါက်တာ ဂွစာ (၂)
19-Feb-2017
"ဆံပင် မဖြူအောင် ဘာလုပ်ရမလဲ ဆရာ?"
"ကတုံးတုံးလိုက်..."
--------
"ဆရာ... ကျွန်မ စိတ်ဖိစီးမှုတွေ များနေတယ်... အဲဒါ ပထမ ဆရာဝန်တစ်ယောက်က အပန်းဖြေစခန်း တစ်ခုကိုသွားဖို့ ပြောတယ်...
ဒုတိယ ဆရာဝန်က လမ်းများများလျှောက်လို့ပြောတယ်...
ဆရာကရော ဘယ်လိုအကြံဉာဏ်များ ပေးချင်သလဲရှင့်..."
"အပန်းဖြေစခန်းတစ်ခုကို ခြေလျင်လျှောက်သွား..."
--------
"ဆရာ ခေါင်းတခြမ်းကိုက်နေလို့..."
"ရော့... ဒီဆေးကို တခြမ်းခြမ်းသောက်..."
"ဘယ်ဖက် ခြမ်းကို သောက်ရမလဲ ဆရာ..."
"ခင်ဗျား ခေါင်းကိုက်တာ ဘယ်ဖက်လဲ?"
"ညာဖက်ပါ..."
"ဒါဆို ညာဖက်ခြမ်းကိုသောက်..."
--------
"ဆရာ... ကျွန်မ ကိုယ်အလေးချိန် ချချင်လို့ပါ..."
"ခေါင်းကို ဘယ်ညာ ယိမ်းပေးပါ..."
"ဘယ်အချိန်မှာ လုပ်ရမှာလဲရှင့်?"
"တစ်ခုခု စားပါဦးလို့ အမေးခံရတဲ့ အချိန်တိုင်း..."
--------
"ဆရာ ကျွန်မသားလေး ဘိလပ်မြေတွေ စားမိလို့... အဲဒါ ကျွန်မ ရေတွေ အများကြီး တိုက်ထားပါတယ်... ဘာဆက်လုပ်ရမလဲရှင့်?"
"ခင်ဗျားသားကို ထုံးနဲ့ သဲ ထပ်မစားမိစေဖို့ စောင့်ကြည့်ပေတော့..."
Credit : ကြယ်မင်းတာရာ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
