နာမှာလား ဟင် ☺
17-Mar-2017ပုဂ္ဂလိက ဆေးရုံတစ်ရုံ၏ ခွဲစိတ်ခန်း အတွင်းတွင် နှလုံးခွဲရမည့် လူနာအား မေ့ဆေး ထိုးရန် ပြင်ဆင်နေစဉ် ...
♥
လူနာ ။ ။ဆရာ..ခွဲစိတ်ချိန်မှာ ကျွန်တော် နာနေမှာလားဟင်..
♥
ဆရာဝန်။ ။မပူပါနဲ့ခင်ဗျာ..ခွဲစိတ်နေစဉ် ခင်ဗျားနာမှာ မဟုတ်ပါဘူး..မေ့ဆေးကြောင့် သိတောင် သိမှာ မဟုတ်ပါဘူး...
♥
လူနာ။ ။ဒါဆို သတိပြန်ရလာရင်ရော ဆရာ..နာနေမှာလား..
♥
ဆရာဝန်။ ။အဲဒီအချိန်မှာလဲ ..ခင်ဗျားနာမှာမဟုတ်ပါဘူး..ကျွန်တော် ခင်ဗျားကို အနာသက်သာတဲ့ ဆေးတွေ ပေးထားမှာပါ...
♥
လူနာ ။ ။ဒါဆို ကျွန်တော် လုံးဝ နာကျင်မှုမရှိဘဲ ရောဂါပျောက်သွားမှာပေါ့နော်...
♥
ဆရာဝန်။ ။အဲလိုတော့ မပြောနိုင်ဘူး..ခင်ဗျား နှလုံး နာမယ့် အချိန်တစ်ခုတော့ရှိတယ်..
♥
လူနာ ။ ။ဘယ်အချိန်လဲ ဆရာ..
♥
ဆရာဝန်။ ။ခင်ဗျား ဆေးဖိုး တွက်တဲ့ အချိန်ပေါ့..
Healthcare.com.mm
Cerdit; တွေ့ရကြုံရဆေးလောက