ဒေါက်တာဂွစာ (၃၅)
20-Mar-2017ဒေါက်တာ ဂွစာ ဆေးခန်းထဲမှာ ထိုင်နေတယ်...
အဲဒီအချိန်မှာ ငယ်ရွယ်ပြီး လှပကျော့ရှင်းတဲ့ မိန်းကလေးတစ်ယောက် ဆေးခန်းထဲဝင်လာတယ်...
" ဆေးခန်းပြချင်လို့ပါ... "
" ဟုတ်ပါပြီ.. အဝတ်အစားတွေ ချွတ်လိုက်ပါ... "
" ရှင်!! ဘာအတွက်လဲဟင်? "
" သြော်.. တလွဲမထင်ပါနဲ့.. ကျွန်တော်တို့ ဆေးပညာစမ်းသပ်ချက်အရ လိုအပ်လို့ပါ.."
" ဒါပေမယ့်.. ကျွန်မက ကျွန်မ အဖွားကို လာပြတာရှင့်!! အဖွားရေ လာလေ..."
အဲဒီအခါမှ အဖွားတစ်ယောက် တဖြည်းဖြည်းချင်း လိုက်ဝင်လာတယ်... တဆက်တည်း အဖွားက ဒေါက်တာဂွကို
" အဖွား အဝတ်အစားတွေ ချွတ်လိုက်ရမလား ဆရာ??"
" သြော်.. အဖွားပြမှာလား မသိလို့နော်... အဖွားပြမှာဆိုရင်တော့ လျှာလေးပဲ ထုတ်ပြပါ..."
:P :D :P
Credit : ကြယ်မင်းတာရာ