လူနာ ဂွစာ (၂၁) (မမြင်ရဘူး)
20-Mar-2017ကိုဂွစာ ဆရာဝန်ကို ပြောပြနေသည်...
" ကျွန်တော့် အမြင်တွေ ဆိုးနေတယ် ဆရာ... ဟိုး...၁၅ ပေလောက် အကွာမှာ ချိတ်ထားတဲ့ ပြက္ခဒိန် တွေ့လား?"
" အင်း... တွေ့တယ်လေ..."
" အဲဒီကို ကြည့်လိုက်ရင် အခု နိုဝင်ဘာလ ၁၆ ရက်ဆိုတာ ဆရာ တွေ့တယ်မလား? "
" သြော်... အင်း... သိပ်မသဲကွဲပေမယ့် မြင်ရပါတယ်..."
" အဲဒီ ၁၆ ရက်နေ့အောက်မှာ အခု ခြင်လေး တစ်ကောင် နားနေတယ်ဆရာ... အဲ... အဲဒါကို ကျွန်တော် မမြင်ရဘူး..."
:D :D :D
Credit : ကြယ်မင်းတာရာ