ရိုးပါတယ်
22-Mar-2017အလွန်ချောမောလှပသော အမျိုးသမီးငယ်တစ်ဦးသည် ဆရာဝန်ထံ ဆေးစစ်ထားသည့်အဖြေများ လာယူသည်။ ဆရာဝန်က ဆေးအဖြေကိုကြည့်ပြီး …
ဆရာဝန် - “ ခင်ဗျား ဘယ်အမျိုးသားနှင့်မှ အပြင်မထွက်ဖူးဘူးလား ”
လူနာ - “ လုံးဝမထွက်ဖူးပါဘူးဆရာ ”
ဆရာဝန် - “ သေချာရဲ့လား ”
လူနာ - “ လုံးဝသေချာပါတယ်၊ ကျွန်မအပျိုစင်စစ်စစ်ပါ ”
ဆရာဝန် - “ ဒါဆိုရင်တော့ ဒီမှာဆက်စောင့်ဦး။ ကလေးအဖေပါလို့ ဝန်ခံထားတဲ့သူ သုံးယောက်ခဏနေရင် လာလိမ့်မယ်”
Credit : မာဂျေ ဆေးလောကမှ ဟာသများ