ကျွန်တော် ရုပ်ဆိုးလား
02-May-2017လူနာ ။ ။ ဆရာ။ ကျွန်တော်ရုပ်ဆိုးလား။
ဆရာဝန် ။ ။ ရုပ်မဆိုးပါဘူးဟ။
လူနာ ။ ။ ဟုတ်လို့လားဆရာ။ လူတို်င်းက ကျွန်တော်ကို ရုပ်ဆိုးတယ်ပဲ ပြောတယ်။ ????????
ဆရာဝန် ။ ။ ကယ်။ ငါပြောတာသေချာနားထောင် မင်းရုပ်မဆိုးဘူး။ ဟုတ်ပြီလား။
လူနာ ။ ။ ကျွန်တော်ရုပ်ဆိုးတာ ကျွန်တော်သိပါတယ်။ ဆရာရယ်။
ဆရာဝန် ။ ။ ဟိတ်ကောင်။ ငါစိတ်တိုလာပြီနော်။ မင်းက ခန္ဓာကိုယ်တောင့်တင်းပြီး
ကျန်းမာတဲ့ ကြည့်ပျော်ရွှင်ပျော်ရှိတဲ့ ယောကျ်ားတစ်ယောက်ဆိုတာ
သေချာတယ်ကွ.. လူနာလည်း ဆရာကိုလှမ်းကြည့်ပြီး မဝံ့မရဲနှင့် ပြန်ပြော
လိုက်သည်။
လူနာ ။ ။ ဆရာ။ ကျွန်တော်က အမျိုးသမီးပါ။
Credit : မောင်လေပွေ