ဒါဆိုလည်းတစ်ယောက်တည်းပြပါ
03-Jun-2017ဆေးခန်းမှ ပြန်လာသောသူက မိတ်ဆွေအား -
“ ရှာဖွေလေတွေ့ရှိလေပဲဗျ”
“ ဘာလဲဗျ၊ ခင်ဗျားစကားက အရင်းမရှိ အဖျားမရှိ”
“ ရောဂါကို ပြောတာပါ”
“ ဆေးခန်းသွားပြမှာတော့ ရောဂါရှာတွေ့မှာပေါ့ဗျ”
“ အခုဟာက ဆေးခန်းသုံးခန်းကို ပြခဲ့တာ တစ်ခန်းမှာ ရောဂါတစ်မျိုးစီတွေ့ခဲ့လို့ဗျ”
Credit: မှူးအိမ်ဇင်