ဒီရောဂါကုရတာအတော်ကြာလိမ့်မယ်
03-Jun-2017ဆေးရုံဆင်းခါစ လူတစ်ဦးအား မိတ်ဆွေက
“ ခင်ဗျားရောဂါပျောက်သွားပြီပေါ့”
“ အရင်ရောဂါဟောင်းတော့ အလျင်းပျောက်သွားပြီး နောက်ရောဂါသစ်တစ်ခု ထပ်ရလာတယ်ဗျို့”
“ ဘာရောဂါလဲဗျ”
“ စိတ်ဖိစီးမှုရောဂါလေ”
“ ဘယ်အချိန်စရတာလဲ”
“ဆေးခန်းက ဆေးဖိုးရှင်းရမယ့် ပြေစာရတဲ့အချိန်”
Credit: မှူးအိမ်ဇင်